
ကျိုင်းတုံမြို့ဗဟိုပြုပြီး ရစ်ခ်စတာစကေး ၅ ဒသမ ၉ ပြင်အားရှိ ငလျင်လှုပ်ခတ်
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၇ ရက်
ယနေ့ မနက်ပိုင်းတွင် ရှမ်းပြည်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ကိုဗဟိုပြုပြီး ရစ်ခ်စတာစကေး ၅ ဒသမ ၉ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုစီးဌာနက ထုတ်ပြန်သည်။
အဆိုပါငလျင်သည် အနက် ၂၅ ကီလိုမီတာ ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၅ ဒသမ ၉ အဆင့် ငလျင်လှုပ်ခတ်သွားပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မြို့နယ်အများအပြားခံစားလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိအချိန်တွင် ငလျင်လှုပ်ခတ်မှုကြောင့် လူနှင့်နေအိမ်အဆောက်အအုံများထိခိုက်မှုများကိုမူမသိရသေးပေ။
ပြီးခဲ့သည့် ၂၀၁၁ ခုနစ် ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်လှုပ်ခဲ့သည့် ပြင်အား ရစ်စတာစကေး ၆ ဒသမ ၈ အဆင့်ပြင်းအားရှိငလျင်လှုပ်ခတ်မှုထက် ယခုပြင်းထန်ကြောင်း ဒေသခံများက ဆိုသည်။
ထို့ပြင် ငလျင်လှုပ်ခတ်မှုတစ်ခုပြီးသည့်နောက်တွင် နောက်ဆက်တွဲလှုပ်ခတ်မှုများရှိနိုင်သဖြင့် သတိထားရန်လိုအပ်သည်။
မြေငလျင်လှုပ်ခတ်ရာတွင် ရစ်စတာစကေးပြင်းအားနည်းပြီး အနက်တိမ်ပါက ငလျင်လှုပ်ခတ်မှုဒဏ်ကိုပိုမိုခံစားရကြောင်းသိရသည်။
ဓာတ်ပုံ – မိုးဇလ
#ကျိုင်းတုံငလျင်လှုပ်ခတ် #Ayeyarwaddy_Times