ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၇ ရက်

ဂါဇာကမ်းမြောင်ဒေသရှိ အယ်လ်ရှီဖာဆေးရုံမှာ ဟားမာစ်အဖွဲ့ရဲ့ ကွပ်ကဲရေးစခန်းတစ်ခုနဲ့ စစ်လက်နက် တွေ တွေ့ရှိခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

အစ္စရေးတပ်ဖွဲ့တွေက ဟားမာစ်အဖွဲ့ရဲ့ အရေးပါသော အခြေစိုက်စခန်းတစ်ခုရှိရာ ဂါဇာဒေသရဲ့ အကြီး မားဆုံးဆေးရုံကို စီးနင်းခဲ့တယ်လို့ အစ္စရေးစစ်တပ်က နိုဝင်ဘာလ ၁၅ ရက်မှာ ပြောကြားခဲ့ပါတယ်။

မြေပြင်တပ်ဖွဲ့က တိကျသော စစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်နေပြီး ဆေးရုံဝန်းရှိ ဟားမာစ်တိုက် ခိုက်ရေးသမား အများအပြားကို သုတ်သင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဆိုပါတယ်။

ဆေးဝါးကိရိယာတွေရဲ့နောက်မှာ သေနတ်တွေနဲ့ လက်နက်တွေ ဝှက်ထားတယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်တဲ့ ရုပ်သံဖိုင်တစ်ခုအတွင်း ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ပြောပါတယ်။

အဆိုပါဆေးရုံဟာ ပြည်သူတွေကို ဆေးကုသမှုပေးတဲ့ဆေးရုံသာဖြစ်ပြီး စစ်ဘက်စခန်းတစ်ခုမဟုတ် ကြောင်း၊ အစ္စရေးရဲ့ပြောဆိုချက်က မမှန်ကန်ကြောင်း ဟားမာစ်အဖွဲ့က လူမှုကွန်ရက်မှာ ပြောပါတယ်။

အစ္စရေးနိုင်ငံက စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်မှာဖြစ်ပြီး ဟားမာစ်စစ်သွေးကြွတွေ ခိုအောင်းနိုင် တဲ့နေရာ မရှိကြောင်း၊ အစ္စရေးစစ်တပ်က ဟားမာစ်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းကာ ဓားစာခံတွေကို ပြန်ခေါ် ဆောင်မယ်လို့ မနေ့က ဂါဇာအနီး စစ်ဘက်စခန်းတစ်ခုမှာ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောကြားခဲ့ပါ တယ်။

လူနာတွေ၊ မွေးဖွားစကလေးတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ခိုလှုံသူတွေအပါအဝင် ဆေးရုံမှာ လူ ၂၅၀၀ ခန့် ရှိတယ်လို့ ဂါဇာ ကျန်းမာရေးအာဏာပိုင်တွေကို ကိုးကားပြီး အယ်လ်ဂျာဇီးယားသတင်းဌာနက ဖော်ပြပါ တယ်။

ဆေးရုံမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်လာနိုင်တဲ့အန္တရာယ်ရှိတယ်လို့ ပါလက်စတိုင်း ကျန်းမာ ရေးဝန်ကြီး မိုင်အယ်လ်ကိုင်လာက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ကိုးကား – NHK
Ref; Israel claims weapons found at Al-Shifa Hospital in Gaza

#Ayeyarwaddy_Times