
ဇလပ်ဖြူ / ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၅ ရက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းရှိအများပြည်သူသွားလာရာတွင်အသုံးပြုနေရသည့် တံတားသုံးစင်းကို စစ်ကောင်စီက နိုဝင်ဘာ ၁၅ ရက်နေ့ မနက်ပိုင်းတွင်JCB မြေကော်ကား တစ်စီးဖြင့် ဖြိုချဖျက်ဆီးပစ်ခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်များထံက သိရသည်။
ကလေးမြို့နယ်မြောက်ပိုင်း အိတ်စွတ်ရွာမှသင်္ဘောပြင်ကွင်းရွာသို့သွားသည့်လမ်းတံတား၊ အိတ်စွတ်ရွာမှ ပျဉ်းခုံလေးရွာသို့ သွားသည့်လမ်းတံတားနှင့် သင်္ဘောပြင်ကွင်းမှ လက်ပံချောင်းရွာနှင့် ဆည်ကြီးရွာသို့ သွားသည့် လမ်းတံတား စုစုပေါင်း တံတား သုံးစင်းကို နိုဝင်ဘာ ၁၅ ရက်နေ့.မနက်ပိုင်းတွင် စစ်ကောင်စီက စစ်ကားနှစ်စီး၊ JCB မြေကော်ကားတစ်စီးတို့ဖြင့်လာရောက်ဖြိုချသွားသည်ဟု ဒေသခများက ဧရာဝတီတိုင်းမ်ကိုပြောသည်။
“အများပြည်သူသွားလာနေတဲ့လမ်းတံတားတွေဖျက်နေရုံနဲ့ သူတို့လုံခြုံမယ်ထင်နေတ။ တော်လှန်ရေးအတွက် ရိုက်ခတ်မှုမဖြစ်ပါဘူး။ အဆုံးထိတိုက်သွားမှာပါ။ အောင်ပွဲတွေလည်း ဆက်တိုက်ရနေပြီဖြစ်သလို အကြမ်းဖက်စစ်တပ်အနေနဲ့ နေရာတိုင်းမှာ သေကြေပျက်စီးမှုများစွာနဲ့ ရင်ဆိုင်ရှုံးနိမ့်နေကြသလို ပြည်သူ့တော်လှန်ရေးအဖွဲ့တွေဆီ လာရောက်အလင်းဝင်ပူးပေါင်းတာတွေလည်း လက်တွေ့အများပြည်သူတွေအမြင်ပါ။ ဒါကြောင့်တံတားဖျက်လည်း တော်လှန်ရေးကပျက်သွားမှာမဟုတ်ပါဘူးလို့ ပြောချင်ပါတယ်” ဟု ကလေးမြို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
လက်ရှိတွင် ကလေးမြို့နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်အထိုင်ချထားသော ရာဇဂြိုလ်ရဲဘက်စခန်း ရာ၁ ရာ၂ တပ်စခန်းနှစ်ခုအပါအဝင် ကလေးမြို့နယ်တောင်ပိုင်း၊ မြောက်စည်းရဲစခန်းတို့ကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကာကွယ်ရေးပူးပေါင်းတပ်တို့က သိမ်းပိုက်ရရှိထားပါသည်။
စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၁၅က်နေ့ မနက်ပိုင်းတွင် ကလေးမြောက်ပိုင်းသို့ ၁၂၀မမ လက်နက်ကြီးဖြင့်လည်း အဆတ်မပြတ်ပစ်ခတ်နေပြီး ကာကွယ်ရေးပူးပေါင်းတပ်များနှင့် စစ်ရေးတင်းမာနေသည်ဟု ဒေသကာကွယ်ရေးတပ်များကပြောသည်။
ဓာတ်ပုံ – CJ
#ကလေးမြို့ #အများပြည်သူ #အသုံးပြုသည့် #လမ်းတံတား #၃စင်းကို #စစ်ကောင်စီက #ဖြိုချဖျက်ဆီး #Ayeyarwaddy_Times