ကိုကိုမောင်/ဧရာဝတီတိုင်းမ်
(မြဝတီ)၊ ဇူလိုင်လ ၂၄ ရက်
ကရင်ပြည်နယ်၊ မြဝတီမြို့အနီးမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ BGF စခန်းတစ်ခုကို ဇူလိုင်လ ၂၂ ရက်နေ့ ညနေပိုင်းက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
မြဝတီမြို့နဲ့ ၂ မိုင်လောက်အကွာမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ BGF စခန်းကို KNLA နဲ့ PDF ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းကို မီးရှို့ဖျက်စီးနိုင်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
“ အဲ့စခန်းက တပ်ရင်း ၁၀၂၂ လက်အောက်ခံ ဝင်တိုက်တဲ့အချိန်မှာ ၇ ယောက်ပဲရှိတယ် အရှင်ဖမ်းမိတာ တွေလည်းရှိတယ် စခန်းကိုတော့ ကျွန်တော်တို့ မီးရှို့ခဲ့တယ်”လို့ PDF တပ်ဖွဲ့ဝင်တဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စခန်းကို ဝင်ရောက်တိုက်ခိုက်ချိန်မှာ BGF တပ်သား ၇ ဦးရှိနေပြီး ၄ ဦးကိုအရှင်ဖမ်းမိကာ ၂ ဦးကတော့ သေဆုံးပြီး ၁ ဦးကတော့ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေဖြစ်ပွားပြီး နောက်နေ့မှာ စစ်ကောင်စီရဲ့ တပ်မ ၂၇၅ ကနေ KUN တပ်မဟာ ၆ နယ်မြေထဲက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ညပိုင်း လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။