ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၄ ရက်

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရှုပ်ထွေးသော လုံခြုံရေးအခြေအနေတွေ ဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိုင်ငံမြောက်ပိုင်းမှာ နေထိုင်၊ အလုပ်လုပ်ကိုင်နေတဲ့ ဗီယက်နမ်နိုင်ငံသားတွေအတွက် ဘေးအန္တရာယ်ကင်းရေး ကာကွယ်ပေးမယ့် အစီ အစဉ်တွေကို မြန်မာနိုင်ငံရှိ ဗီယက်နမ်သံရုံးက ဖန်တီးပေးလိုက်ပါတယ်။

ဗီယက်နမ်သံရုံးက သက်ဆိုင်ရာ ဒေသန္တရအာဏာပိုင်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ဗီယက်နမ်နိုင်ငံ သားတွေ လုံခြုံရေးနဲ့ ဘေးကင်းရေးလုပ်ဆောင်ဖို့၊ အန္တရာယ်ရှိသော အရပ်ဒေသတွေကနေ ထွက်ခွာနိုင်မယ့် အ ခြေအနေတွေဖန်တီးရေး စစ်ကောင်စီက အစီအမံတွေလုပ်ဆောင်ဖို့ တောင်းဆိုလိုက်ပါတယ်။

ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်နဲ့မြန်မာရှိ သက်ဆိုင်ရာ အာဏာပိုင်တွေကို ဆက်သွယ် ကာ ဗီယက်နမ်နိုင်ငံသားတွေကို ကာကွယ်ပေးရေး အကူအညီပေးဖို့ ကြိုးပမ်းခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံသားတွေအနေနဲ့ မလိုအပ်ရင် ရှမ်း၊ ကရင်နဲ့ ရခိုင်ပြည်နယ်တွေကို သွားရောက်တာ သို့မ ဟုတ် နေထိုင်တာ ရှောင်ကြဉ်ကြဖို့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနက အကြံပြုခဲ့ပါတယ်။

ရှမ်း၊ ကရင်နဲ့ ရခိုင်ပြည်နယ်မှာ လက်ရှိ နေထိုင်နေတဲ့ ဗီယက်နမ်နိုင်ငံသားတွေက တတိယတိုင်းပြည်တစ် ခု သို့မဟုတ် ဗီယက်နမ်သို့ပြန်မယ့် အစီအစဉ်တွေ ချက်ချင်း လုပ်ဆောင်ကြဖို့ စီစဉ်သင့်တယ်လို့ ဗီယက်နမ် နိုင်ငံ ခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဗီယက်နမ်နိုင်ငံသားတွေအနေနဲ့ စစ်ကောင်စီအာဏာပိုင်တွေ၊ မြန်မာနိုင်ငံရှိ ဗီယက်နမ်သံရုံးရဲ့ နောက် ဆုံးရ သတင်းအချက်အလက်တွေကို ပုံမှန် ရသင့်တယ်လို့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

ရခိုင့်တပ်တော် (AA) က ရခိုင်ပြည်နယ်ရှိ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စခန်းတွေအပေါ် တိုက်ခိုက်မှုတွေ လုပ် ဆောင်ခဲ့ရာ စစ်ကောင်စီအနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ပြန်လည်တိုက်ခိုက်ဖို့ ရုန်းကန်နေရတယ်လို့ သိရပါ တယ်။

၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိအချိန်ဟာ စစ်ကောင်စီအတွက် အသိသားဆုံး စစ်ရေး စိန်ခေါ်မှုဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ကိုးကား – VN Express
Ref; Vietnam requests support measures for citizen in Myanmar

#Ayeyarwaddy_Times