
ဧရာ၀တီတိုင်းမ်
နို၀င်ဘာလ ၁၃ ရက်
မန္တလေးမြို့ကို သိမ်းပိုက်မည့် ရွှေပြည်စိုး စစ်ဆင်ရေး စတင်ပြီဖြစ်ကြောင်း မန္တလေးတိုင်းတွင်းရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ နိုဝင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူများကို အသိပေးကြေညာထားသည်။
စစ်ဆင်ရေး စတင်သည့်အနေဖြင့် ယနေ့ နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ အမှတ်(၂) ပင်မအလုပ်ရုံ လျှပ်စစ်ဌာနနှင့် တမာတန်းရှိ ယာဉ်သိုလှောင်ရေးတပ်၀န်းအတွင်းသို့ fixed Wing Drone ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တောင်သမန်လမ်းမပေါ်တွင် PDF အလံကို စိုက်ထူခဲ့ကြောင်း ရွှေပြည်စိုးစစ်ဆင်ရေးအဖွဲ့ထံက သိရသည်။
အဆိုပါ “ရွှေပြည်စိုးစစ်ဆင်ရေး” ကို မန္တလေးခရိုင်အတွင်းရှိ မန္တ လေးခရိုင်တပ်ရင်း (၃) ၊ တပ်ရင်း (၄) ၊ တပ်ရင်း (၅) နှင့် တပ်ရင်း (၆) တို့ ပူးပေါင်းပြီး စတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ညီနောင်မဟာမိတ်တပ်ဖွဲ့များ၏ ၁၀၂၇ စစ်ဆင်ရေးသည် ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) နှင့် အတူ တိုက်ပွဲများဖော်ဆောင်နေပြီး မန္တလေးမြို့အနီးထိ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
တဆက်တည်းတွင်ပင် နောင်ချိုမြို့နယ် သုံးဆယ်ရွာ အနီးတွင်လည်း စစ်ကောင်စီနှင့် TNLA၊ မန္တလေး PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မဟာမိတ်အဖွဲ့က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-ရွှေပြည်စိုးစစ်ဆင်ရေးအဖွဲ့
#မန္တလေး #ရွှေပြည်စိုးစစ်ဆင်ရေးစတင် #မဟာမိတ် #TNLA #မန္တလေးPDF #မတ္တရာ #ကင်းရွာ #နောင်ချို #Ayeyarwaddy_Times