
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၂ ရက်
ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့ ဇီးချိုင်ကျေးရွာအုပ်စု ငွေတောင်ကမ်းခြေတွင် နို၀င်ဘာလ၁၁ရက်နေ့နံနက်ကကျွဲငါးမန်းတစ်ကောင်သောင်တင်သေဆုံးနေကြောင်း ဒေသခံများထံမှသိရှိရသည်။
“ငါးကြီးတွေက ခဏခဏ သောင်တင်တတ်တယ်။ အချိန်မှိိီ သူတို့ကိုတွေ့ရင်တော့ ပင်လယ်ထဲကိုပြန်လွှတ်ပေးရတာပေါ့။ ခုက ဒေသခံတွေ တွေ့တာနောက်ကျသွားလို့ သေဆုံးသွားရတာ”ဟု ဒေသခံတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောသည်။
သောင်တင်သေဆုံးနေသော ကျွဲငါးမန်းသည် အရှည် ၁၇ပေရှိပြီး ရှားပါးမျိုးစိတ်ဖြစ်ကာ အကောင်ပေါက်အရွယ်သာဖြစ်ပြီး ပြင်ပဒဏ်ရာမတွေ့ရှိရကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏မှတ်တမ်းအရသိရှိရသည်။
ယခုကဲ့သို့ ငါးမန်းအပါအ၀င် ငါးကြီးများ
ပင်လယ်ကမ်းစပ်သို့ ရောက်လာရခြင်းမှာ ပင်လယ်ရေစီးကြောင်းပြောင်းလဲခြင်း၊ ရေအောက်ကြမ်းပြင် တုန်ခါမှုဖြစ်ခြင်း ၊အစာနောက်လိုက်ခြင်းတို့ကြောင့် ကမ်းစပ်သို့ ရောက်လာတတ်ကြကြောင်းဒေသခံများကပြောသည်။
ဟိုင်းကြီးကျွန်းအနီး ကမ်းခြေတွင် လင်းရူး၊ငါးမန်းစသည့် ငါးအကြီးများ လာရောက်သောင်တင်မှုကြောင့်ဒေသခံများက ကယ်ဆယ်ပြီး ပင်လယ်ရေနက်ပိုင်းကို ပြန်လည်လွှတ်ပေးခဲ့ရသည့်ဖြစ်စဥ် လေးကြိမ်ခန့်ရှိကြောင်းဒေသခံများထံမှသိရှိရသည်။
#ဟိုင်းကြီးကျွန်းကမ်းခြေ #ကျွဲငါးမန်းတစ်ကောင် #သောင်တင်သေဆုံး #Ayeyarwaddy_Times