ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၄ ရက်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် အခြေအနေတစ်ရပ်အဖြစ် ကြေညာလိုက်ပါတယ်။ တစ်ကမ္ဘာလုံးမှာ မျောက်ကျောက်ရောဂါ ကူးစက်မှုတွေ မြင့်တက်လာတာကြောင့် ကမ္ဘာ့ကျန်းမာရေးအ ဖွဲ့က အမြင့်ဆုံးအဆင့် တပ်လှုန့်လိုက်တာဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ မျောက်ကျောက်ရောဂါဆိုင်ရာ အရေးပေါ်ကော်မတီရဲ့ ဒုတိယအကြိမ် အစည်းအဝေးအပြီးမှာ ဒီလိုကြေညာလိုက်တာဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံ ၇၅ နိုင်ငံမှာ အတည်ပြု မျောက်ကျောက်ရောဂါကူးစက်မှု ၁၆၀၀၀ ကျော်နဲ့ သေဆုံးသူငါးဦး ရှိပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တီဒရို့စ်က ပြောပါတယ်။
လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပိုလီယိုလိုမျိုး အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ကပ်ရောဂါနှစ်မျိုး လည်း ရှိနေပါသေးတယ်။ အရေးပေါ်ကော်မတီက မျောက်ကျောက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေ အနေတစ်ရပ်အဖြစ် သတ်မှတ်သင့် မသင့် ဘုံသဘောတူညီချက်မရရှိခဲ့ဘူးလို့ ၄င်းက ဆိုပါတယ်။
မျောက်ကျောက်ရောဂါက ကမ္ဘာတစ်ဝန်း မြန်ဆန်စွာ ပျံ့နှံ့ခဲ့ပြီး နိုင်ငံတကာအနေနဲ့ စိုးရိမ်စရာအခြေအ နေလို့ သူက ဆုံးဖြတ်ခဲ့တယ်လို့ ဒေါက်တာ တီဂရို့စ်က ပြောပါတယ်။
မျောက်ကျောက်ရောဂါကို ကမ္ဘာ့အရေးပေါ်အခြေအနေ ကြေညာလိုက်တာကြောင့် ကာကွယ်ဆေး ထုတ် လုပ်မှုနဲ့ အဲဒီဗိုင်းရပ်စ်ပျံ့နှံ့မှု ကန့်သတ်တဲ့အစီအမံတွေ အကောင်အထည်ဖော်ဆောင်မှုကို အရှိန်မြှင့်စေနိုင်မယ်လို့ ၄င်းက ဆိုပါတယ်။
မျောက်ကျောက်ရောဂါ ကူးစက်မှုရပ်တန့်နိုင်မယ့် အရေးယူမှုလုပ်ဆောင်နိုင်ဖို့နဲ့ ကူးစက်ခံရဖို့ အလွယ် ဆုံးသူတွေကို ကာကွယ်ပေးဖို့ ကမ္ဘာ့နိုင်ငံတွေကို လှုံ့ဆော်ပေးနိုင်မယ့် အကြံပြုချက်တွေကို ကမ္ဘာ့ကျန်းမာရေးအ ဖွဲ့က ထုတ်ပြန်နေပါတယ်။
မျောက်ကျောက်ရောဂါကို ၁၉၅၀ ခုနှစ်တွေအတွင်း အာဖရိကတိုက်အလယ်ပိုင်းမှာ ပထမဆုံး တွေ့ရှိခဲ့ပါ တယ်။ ဗြိတိန်နိုင်ငံမှာ လက်ရှိအချိန်ထိ အတည်ပြု မျောက်ကျောက်ရောဂါကူးစက်မှု ၂၀၀၀ ကျော် ရှိပါတယ်။
မျောက်ကျောက်ရောဂါရဲ့ ကနဦးလက္ခဏာတွေကတော့ အပြင်းဖျားတာ၊ အရည်ကြည်ဖုထွက်တာ စတာ တွေဖြစ်ပါတယ်။
ကိုးကား – BBC
Ref; WHO declares highest alert over outbreak