ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၂ ရက်

ဂျာမနီနိုင်ငံက ယူကရိန်းသို့ပေးအပ်တဲ့ စစ်ရေးအကူအညီကို လာမယ့်နှစ်မှာ ဒေါ်လာ ၈ ဒသမ ၅၄ ဘီလီ ယံအထိ ၂ ဆ တိုးမြှင့်ဖို့ ဝန်ကြီးချုပ် အိုလက်ဖ်ရှိုးရဲ့ ညွန့်ပေါင်းအစိုးရက သဘောတူလိုက်ပြီလို့ သိရပါတယ်။

အဆိုပြုချက်ကို လွှတ်တော်က သဘောတူပါက ဂျာမနီနိုင်ငံရဲ့ ကာကွယ်ရေးအသုံးစရိတ်က နေတိုးအဖွဲ့ ဝင်နိုင်ငံတွေ သတ်မှတ်ထားတဲ့ GDP ရဲ့ ၂ ရာခိုင်နှုန်းထက် ပိုများသွားမယ်လို့ သတင်းတွေက ဆိုပါတယ်။

ဂျာမနီ လွှတ်တော်အမတ်တွေဟာ ဒီသီတင်းပတ်အတွင်း အဆိုပြုထားတဲ့ ၂၀၂၄ ခုနှစ် ဘတ်ဂျက်နဲ့ပတ် သက်လို့ စေ့စပ်ညှိနှိုင်းမှုတွေပြုလုပ်ဖို့ သဘောတူခဲ့ပါတယ်။

ဒီသတင်းတွေနဲ့ပတ်သက်လို့ မှတ်ချက်တောင်းခံဖို့ ဂျာမနီ ကာကွယ်ရေးဝန်ကြီးဌာနကို ဖုန်းခေါ်ဆိုခဲ့ပေ မယ့် တုံ့ပြန်မှုမရခဲ့ပါဘူး။

ယူကရိန်းနိုင်ငံအတွက် ယူရို ၂၁ ဒသမ ၄ ဘီလီယံတန်ကြေးရှိ စစ်ရေးအကူအညီ သုံးစွဲဖို့ ဉရောပသမဂ္ဂရဲ့ အစီအစဉ်တစ်ခုကို EU အဖွဲ့ဝင်နိုင်ငံတွေက ကန့်ကွက်ခဲ့ပါတယ်။

အရှေ့ဉရောပတိုင်းပြည်တွေဖြစ်တဲ့ ပိုလန်နဲ့ဟန်ဂေရီက ယူကရိန်းသို့ပေးအပ်တဲ့ စစ်ရေးအကူအညီကို ဆက်လက်မပေးတော့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ယူကရိန်းက ရုရှားကျူးကျော်စစ်ကို ခုခံကာကွယ်နေရသရွေ့ လိုအပ်တဲ့ စစ်ရေးအကူအညီ ဆက်လက် ပေးအပ်မယ်လို့ ဉရောပတိုင်းပြည်အချို့က ကတိပြုခဲ့ပါတယ်။

ကိုးကား – Reuters
Ref; Germany set to double its Ukraine military aid under Scholz plan: Bloomberg News

#Ayeyarwaddy_Times