နွေဦးမောင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၂ ရက်

ဧရာဝတီတိုင်းတွင် နိုဝင်ဘာလ ပထမပတ်အတွင်း စစ်ကောင်စီတပ်က ဒေသခံ ၆ ဦးကို တော်လှန်ရေးအင်အားစုများနှင့် ပတ်သက်သည်ဟုဆိုကာ ဖမ်းဆီးသွားကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

တော်လှန်ရေးအင်အားစုများ၏ လက်နက်များကို သိမ်းထားပေးသည့် ဒေသခံတစ်ဦးအား ဖမ်းဆီးမိပြီးနောက်ပိုင်း ဒေသခံများကို ထပ်မံစွပ်စွဲဖမ်းဆီးခံခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများမှ ပြောသည်။

“ အားလုံးအဖမ်းခံရတာ ၆ ဦးလို့တော့ ကြာတယ်၊ အတည််ပြုလို့တော့ မရသေးဘူး။ မသက်ဆိုင်တဲ့သူတွေလည်း အဖမ်းခံထားရတယ်လို့ ပြောတယ် ဒေသခံတွေဘက်က”ဟု ဧရာဝတီတိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည့် ညပိုင်းကင်းလှည့်ထွက်ရင် လက်နက်များနှင့်အတူ ဒေသခံတစ်ဦးကို ဖမ်းမိပြီးနောက်ပိုင်း ဒေသခံများကို ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများမှ ပြောသည်။

“ အဖမ်းခံရတဲ့သူက တော်လှန်ရေးလုပ်တာတော့မဟုတ်ဘူး၊ သူက လက်နက်တွေကို လက်ခံပေးထားတဲ့သူပါ၊ လှည့်ကင်းအဖွဲ့နဲ့တိုးပြီးတော့ အဖမ်းခံရတာ၊ သူ့ကိုရိုက်စစ်တော့ သူကြောက်လန့်ပြီး ပြောတဲ့သူမှန်သမျှကို စစ်ကောင်စီတပ်က လိုက်ဖမ်းနေတာ”ဟု ဒေသခံတစ်ဦးမှ ဧရာဝတီတိုင်မ်းသို့ ပြောသည်။

ဖမ်းဆီးခံရသူများအား စစ်ကောင်စိတပ်မှ စစ်တပ်စစ်ကြောရေးစခန်းတွင် ရိုက်နှက်စစ်ဆေးမှုများပြုလုပ်ကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။

စစ်ကောင်စီတပ်က ဒေသခံများကို စွပ်စွဲဖမ်းဆီးသွားပြီး နောက်ပိုင်း မိသားစုဝင်များနှင့်လည်း အဆက်သွယ်ပြုလုပ်ခွင့်မပေးကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

#ဧရာဝတီတိုင်း #ဒေသခံတဦးအား #လက်နက်များနှင့်ဖမ်းမိပြီးနောက်ပိုင်း #ဒေသခံ၆ဦးကို #စစ်ကောင်စီ #စွပ်စွဲဖမ်းဆီးထား #Ayeyarwaddy_Times