
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၂ ရက်
မြောက်ပိုင်းမဟာမိတ်အဖွဲ့က တရုတ်နိုင်ငံနဲ့ထိစပ်နေတဲ့ နယ်မြေတွေအပါအဝင် မြန်မာနိုင်ငံမြောက်ပိုင်း ရှိ နယ်မြေတွေကို သိမ်းပိုက်နိုင်ခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့တွေက ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှုနောက်ပိုင်း စစ် ကောင်စီအပေါ် အသိသားဆုံး အောင်နိုင်မှုဖြစ်တယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တပ်မှူး၊ သံတမန်တွေနဲ့ လေ့လာသူတွေက ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေက မြန်မာစစ်တပ်ရဲ့ စစ်စခန်း ၁၀၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီဟာ နယ်စပ်ကုန်သွယ်ရေးရဲ့ ၄၀ ရာခိုင်နှုန်းခန့်နဲ့ အရေးပါတဲ့ အခွန်ဝင်ငွေရပေါက်ဖြစ်တဲ့ အရေးပါသော နယ်စပ်ကုန် သွယ်ရေးကို လက်လွှတ်ခဲ့ရတယ်လို့ United States Institute of Peace က ပြောပါတယ်။
မြန်မာစစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေရာ ရှမ်း ပြည်နယ်မြောက်ပိုင်းမှာ ပြည်သူ ၅၀၀၀၀ ဝန်းကျင် အိုးအိမ်စွန့်ခွာခဲ့ရပြီး အချို့က တရုတ်နိုင်ငံတွင်း ဖြတ်ကျော် ဝင်ရောက်ခဲ့တယ်လို့ ကုလသမဂ္ဂက နိုဝင်ဘာလ ၁၀ ရက်မှာ ပြောကြားခဲ့ပါတယ်။
“အာဏာသိမ်းမှုနောက်ပိုင်း အင်အားအချိနဲ့ဆုံး တပ်မတော်ဖြစ်ပါတယ်” လို့ အမည်မဖော်လိုတဲ့ သံတမန် တစ်ဉီးက ပြောပါတယ်။
မဟာမိတ်အဖွဲ့ဟာ လက်နက်ပိုကောင်းတဲ့ မြန်မာစစ်တပ်အပေါ် ထိုးစစ်ဆင်တိုက်ခိုက်ဖို့ တစ်နှစ်ကျော် အချိန်ယူပြင်ဆင်ခဲ့ရတယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ခေါင်းဆောင် မောင်ဆောင်းခက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးဟာ နွေဉီးတော်လှန်ရေးရဲ့ အကြီးမားဆုံးနဲ့ အအောင်မြင်ဆုံးစစ်ဆင်ရေးဖြစ်တယ်လို့ သူက ဆိုပါတယ်။
“တော်လှန်ရေးတပ်ဖွဲ့တွေဟာ ပြိုလဲနေတဲ့ မြန်မာစစ်တပ်ကို အမြစ်ဖြတ်ဖို့ အနီးကပ် လက်တွဲဆောင်ရွက် နေပါတယ်။ ဒီလိုအခွင့်အရေးမျိုး ဘယ်တော့မှပြန်ရမှာမဟုတ်ပါဘူး” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NGU) ရဲ့ အမည်မဖော်လိုတဲ့ အကြံပေးတစ်ဉီးက ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဟာ မြန်မာစစ်တပ်ရဲ့ အားနည်းသောတုံ့ပြန်မှုကို ရင်ဆိုင်ခဲ့ရတယ်လို့ လေ့လာ ဆန်းစစ်သူတွေနဲ့ တော်လှန်ရေးခေါင်းဆောင်တွေက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ တရုတ်နဲ့ဆက်ဆံရေးဟာ နယ်စပ်ပြဿနာတွေကြောင့် တင်းမာခဲ့ပြီး တရုတ်နိုင်ငံက ကန့် ကွက်လျင် မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထိုးစစ်ဆင်မှု ပြုလုပ်နိုင်မှာမဟုတ်ဖူးလို့ သံတမန်တွေက ပြောပါတယ်။
နယ်စပ်ဒေသတွေကနေ အွန်လိုင်းငွေလိမ်မှုတွေ လုပ်ကိုင်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေကို ဖြိုခွင်းဖို့ တရုတ် နိုင်ငံက မကြာသေးမီလတွေအတွင်း မြန်မာစစ်ကောင်စီအပေါ် ဖိအားပေးခဲ့ပါတယ်။
စစ်ကောင်စီ အင်အားချိနဲ့သွားခဲ့ပြီး မြန်မာစစ်တပ်က နယ်မြေတွေ ပိုမိုဆုံးရှုံးနိုင်ပေမယ့် ချက်ချင်း ပြိုလဲ နိုင်စွမ်းကတော့ ခဲယဉ်းတယ်လို့ သံတမန်တွေက ပြောပါတယ်။
“စစ်ကောင်စီက အဆုံးအဖြတ် တုံ့ပြန်မှုတစ်ခု လုပ်ဆောင်နိုင်ရင် တရုတ်နိုင်ငံကိုသွားတဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေကို ဖွင့်လှစ်နိုင်ပါလိမ့်မယ်” လို့ နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ (ICG) မှ မြန်မာနိုင်ငံဆိုင် ရာ အကြီးတန်းအကြံပေး ရစ်ချတ်ဟော်ဆေးက ပြောပါတယ်။
ကိုးကား – Reuters
Ref; Losing ground to rebel alliance, Myanmar junta faces biggest test since coup