ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၁ ရက်

တရုတ်နိုင်ငံက မြန်မာနယ်စပ်မှာ လုံခြုံရေးနဲ့ တည်ငြိမ်မှုရှိအောင် လုပ်ဆောင်မယ်လို့ တရုတ် နိုင်ငံခြား ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၀ ရက်မှာ ပြောကြားခဲ့ပြီး တိုက်ခိုက်မှုတွေ ချက်ချင်း ရပ်တန့်ဖို့ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးကို တိုက်တွန်းလိုက်ပါတယ်။

တရုတ်နိုင်ငံနဲ့ထိစပ်နေတဲ့ နယ်စပ်ဒေသတွေက အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် မကိုင်တွယ် နိုင်တာကြောင့် မြန်မာနိုင်ငံက ပြိုကွဲသွားနိုင်တဲ့အန္တရာယ်ရှိတယ်လို့ စစ်ကောင်စီခန့် သမ္မတ ဉီးမြင့်ဆွေက ပြော ကြားခဲ့ပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်း ဒီမိုကရေစီလိုလားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ မြန်မာစစ်တပ်စ ခန်းတွေအပေါ် တိုက်ခိုက်မှုတွေ မြင့်တက်လာမှုနဲ့အတူ စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှုအပြီး အကြီး မားဆုံးစိန်ခေါ်မှု ရင်ဆိုင်နေရပါတယ်။

တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ တရုတ်နိုင်ငံက ထပ်တလဲလဲ တောင်းဆိုခဲ့ပြီး နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်မှု ထိန်းသိမ်းဖို့နဲ့ ထိခိုက်သေဆုံးမှုတွေ တားဆီးရေး တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စစ်ကောင်စီကို တိုက်တွန်းခဲ့ပါတယ်။

တိုက်ပွဲတွေအတွင်း တရုတ်နိုင်ငံသားတွေ သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး မြန်မာနိုင်ငံရှိ ပဋိပက္ခဘေးသင့်ဒေသတွေကို သွားရောက်တာ ရှောင်ကြဉ်ကြဖို့ တရုတ်အစိုးရက တရုတ်နိုင်ငံသားတွေကို အကြံ ပြုခဲ့ပါတယ်။

“တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမြောက်ပိုင်းက ပဋိပက္ခတွေနဲ့ပတ်သက်လို့ အလွန်အမင်း စိုးရိမ်ပြီး ချက် ချင်း အပစ်အခတ်ရပ်စဲဖို့၊ တရုတ်နိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုကို လက်တွေ့ကျကျ အလေးထားဖို့နဲ့ တ ရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ဘေးအန္တရာယ်ကင်းရေး တရုတ် နိုင်ငံနဲ့ လက်တွဲဆောင်ရွက်ဖို့ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို တိုက်တွန်းပါတယ်” လို့ နိုင်ငံ ခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝမ်ဘင်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း တရုတ် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Nong Rong က မြန်မာနိုင်ငံသို့ သွားရောက်ကာ မြန်မာနိုင်ငံရှိ တရုတ်အဖွဲ့အစည်းတွေနဲ့ နိုင်ငံသားတွေအတွက် ထိရောက်သော လုံခြုံရေးအစီအ မံတွေ လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရှိ အလွန်ရှည်လျားသော ဓာတ်ငွေ့ပိုက်လိုင်းတစ်ခုမှတစ်ဆင့် လောင်စာတင် သွင်းပါတယ်။

Nong Rong က ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းနဲ့ ယူနန်ပြည်နယ် ရွှေလီမြို့တော်ကို ဆက်သွယ်ထားတဲ့ တ ရုတ်နိုင်ငံရဲ့ BRI စီမံကိန်းဝင် စွမ်းအင်ကွန်ရက် တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ မြန်မာ-တရုတ်ဓာတ်ငွေ့ပိုက်လိုင်းကို လည်ပတ်ခဲ့ပါတယ်။

ကိုးကား – Reuters
Ref; China says will ensure security, stability at border with Myanmar

#Ayeyarwaddy_Times