
ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊နိုဝင်ဘာလ ၁၀ ရက်
တနင်္သာရီအခြေစိုက် တပ်ရင်း နှစ်ရင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ၂ရက်အတွင်း နှစ်ကြိမ်တိုင် သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား သုံး ဦးသေဆုံးကာ ၆ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း တနင်္သာရီ ပြည်သူ့ကာကွယ်ရေး အဖွဲ့ထံက သိရသည်။
တနင်္သာရီမြို့နယ်၊ ကမ္မလိုင်းရွာအခြေစိုက်၊ ခမရ (၅၅၈) တပ်ရင်းကို ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက် ညနေ ၅ နာရီခန့်တွင် မြိတ်ခရိုင်တပ်ရင်း(၂) တပ်ခွဲ-၂ နှင့် တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တောင်ပံနီပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ တို့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
“ကျွန်တော်တို့ ပူးပေါင်းအဖွဲ့က (၅၅၈) ခြေမြန်တပ်ရင်းကို အလစ်သွားရောက်တို က်ခိုက်ခဲ့တယ်။ တိုက်ပွဲ က မိနစ် ၃၀ လောက်ကြာတယ်။ စစ်ကောင်စီဘက်က အရာခံဗိုလ် တစ်ဦး အပါအဝင် သုံးဦးသေတယ်။ ခြောက်ဦး ဒဏ်ရာရတယ်” ဟု တနင်္သာရီ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယင်းအပြင် ယမန်နေ့ နိုဝင်ဘာလ ၉ ရက် နံနက် ၁၁ နာရီခန့်က တနင်္သာရီ မြို့နယ်၊ ဇဝဲရွာအခြေစိုက်ခမရ (၅၅၆) တပ်ရင်းကို တနင်္သာရီတိုင်းစစ်ဌာန၊ စစ်ဆင်ရေးဌာန၏ လက်ရုံးတပ် (Dragon Squad) ၊ တနင်္သာရီကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့၊ တောဗုံး ကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တနင်္သာရီရိုးမတပ်ဖွဲ့တို့မှ မောင်းသူမဲ့လေယာဉ်ဖြင့် ထပ်မံ သွားရောက်တိုက်ခိုက်ခဲ့သည်။
“ဗုံးသီးက တပ်ရင်းအတွင်းကိုကျရောက်ပြီးပေါက်ကွဲသွားတယ်။ ထိခိုက်သေဆုံးမှုတော့ ရှိတယ်။ အသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေဆဲပါ “ဟု တနင်္သာရီ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ တိုက်ခိုက်မှု နှစ်ကြိမ်အတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များမှ အထိ အခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့ကြောင်းသိရသည်။
မြိတ်မြို့နယ် နှင့် တနင်္သာရီမြို့နယ်အတွင်း ခရီးသွားပြည်သူများအနေဖြင့် တော်လှန်ရေးအင်အားစုများ၏ စစ်ရေးသတိပေးချက်များကို လိုက်နာပြီး နေထိုင် သွားလာကြရန်နှင့်စစ်ကောင်စီ၏ယာဉ်တန်းများ၊ တပ်ရင်းတပ်ဖွဲ့ နှင့် စစ်ဆေးရေး ဂိတ်များအနီး နေထိုင်ခြင်း၊ သွားလာခြင်းများ ရှောင်ရှားပေးကြရန် တော်လှန်ရေး တပ်ဖွဲ့များက ထုတ်ပြန် အသိပေးနေထိုင်သူများ၊ထားသည်။
ဓာတ်ပုံ-တနင်္သာရီ ပြည်သူ့ကာကွယ်ရေးအဖွဲ့
#တနင်္သာရီအခြေစိုက် #စစ်ကောင်စီတပ်ရင်း၂ရင်း #နှစ်ကြိမ်တိုင်တိုက်ခိုက် #စစ်ကောင်စီတပ်သား၃ဦးသေဆုံး #Ayeyarwaddy_Times