ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၉ ရက်

စနေ့နေက ခရိုင်းမီးယားရှိ ရုရှားသင်္ဘောကျင်းတစ်ခုကို ဒုံးကျည်နဲ့တိုက်ခိုက်မှုမှာ စစ်သင်္ဘောတစ်စင်း ပြင်လို့မရအောင် ပျက်စီးသွားခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။

ရုရှားစစ်သင်္ဘောဟာ ခရုဇ်ဒုံးကျည်တွေ သယ်ဆောင်နိုင်သော နောက်ဆုံးပေါ် ခေတ်မီသင်္ဘောတစ်စင်း ဖြစ်တယ်လို့ ယူကရိန်းစစ်တပ် မဟာဗျူဟာမြောက် ဆက်သွယ်ရေးဌာနက လူမှုကွန်ရက်မှာ ပြောပါတယ်။

ယူကရိန်းသမ္မတ ဇီလန်စကီးက ရုပ်သံဖိုင်တစ်ခုအတွင်း ယူကရိန်းစစ်တပ်ကို ချီးကျူးခဲ့ပြီး ယူကရိန်းအ ပေါ် ရုရှားရဲ့ နောက်ထပ် အကြမ်းဖက်မှု အရင်းအမြစ်ကို ရှင်းလင်းပစ်ခဲ့ပြီလို့ ဆိုပါတယ်။

ယူကရိန်းရဲ့ ဒုံးကျည်တိုက်ခိုက်မှုမှာ ရေယာဉ်တစ်စင်း ပျက်စီးခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာန က ဝန်ခံခဲ့ပါတယ်။

အဆိုပါသင်္ဘောကျင်းဟာ ရုရှားတောင်ပိုင်းနဲ့ ၂၀၁၄ ခုနှစ်မှာ ရုရှားက တစ်ဖက်သတ် ကျူးကျော်သိမ်း ပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်ကြားရှိ Kerch ရေလက်ကြားနဲ့ ကပ်လျက်တည်ရှိပါတယ်။

ယူကရိန်းရဲ့ ရုရှားသင်္ဘောကျင်းအပေါ် ဒုံးကျည်နဲ့တိုက်ခိုက်မှုဟာ တာဝေးတိုက်ခိုက်မှုဖြစ်တယ်လို့ ဗြိ တိန် ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၇ ရက်မှာ ပြောပါတယ်။

“ယူကရိန်းရဲ့ ခရိုင်းမီးယား သင်္ဘောကျင်းကို တိုက်ခိုက်နိုင်စွမ်းကြောင့် ရုရှားနိုင်ငံက ရှေ့တန်းစစ်မျက်နှာ ပြင်ကနေ သင်္ဘောကျင်းကို နေရာရွှေ့ပြောင်းနိုင်လို့ သင်္ဘောသစ်တွေ ပေးပို့ရာမှာ ကြန့်ကြာမှုတွေဖြစ်နိုင်ပါတယ်” လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ရုရှား လေကြောင်းရန်ကာကွယ်ရေးစနစ်က ပင်လယ်နက်နဲ့ ခရိုင်းမီးယားဒေသမှာ ယူကရိန်းဒရုန်း ၁၇ စင်းကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

ကိုးကား – NHK
Ref; Ukraine military: Russian vessel hit by missile may be unrepairable

#Ayeyarwaddy_Times