ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၃ ရက်

အမေရိကန်နိုင်ငံက တာလတ်ဒုံးပစ်စနစ်တွေ၊ မောင်းသူမဲ့လေယာဉ်တွေပါဝင်တဲ့ ဒေါ်လာ သန်း ၂၇၀ တန်ကြေးရှိ စစ်ရေးအကူအညီ ယူကရိန်းနိုင်ငံသို့ ပေးပို့မယ်လို့ အိမ်ဖြူတော်က ဇူလိုင်လ ၂၂ ရက်မှာ ကြေညာခဲ့ပါ တယ်။

ယခုပေးပို့မယ့် စစ်လက်နက်တွေအပါအဝင် အမေရိကန်အစိုးရက ယူကရိန်းသို့ လုံခြုံရေးအကူအညီ ပေး အပ်မှုက ဒေါ်လာ ၈ ဒသမ ၂ ဘီလီယံအထိ ရှိလာခဲ့ပြီး မေလအတွင်း ကွန်ဂရက်က အတည်ပြုခဲ့တဲ့ စီးပွားရေးနဲ့ လုံခြုံရေးအကူအညီ ဒေါ်လာ ၄၀ ဘီလီယံကိုလည်း ပေးအပ်နေတယ်လို့ သိရပါတယ်။

အမေရိကန်က ယူကရိန်းသို့ပေးပို့မယ့် စစ်လက်နက်တွေထဲမှာ HIMARS တာလတ်ဒုံးပစ်စနစ်၊ ဒရုန်း ၈၀ စင်းနဲ့ အမြောက်ကျည် ၃၆၀၀၀ လည်း ပါဝင်တယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောပါ တယ်။
“ယူကရိန်းအစိုးရနဲ့ ပြည်သူတွေအတွက် ကျွန်တော်တို့ ဆက်လက်ပံ့ပိုးမယ်ဆိုတာ သမ္မတ ဂျိုးဘိုင်ဒင်က ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပြီးဖြစ်ပါတယ်” လို့ ဂျွန်ကာဘီက ဆိုပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေက ဒါဇင်နဲ့ချီတဲ့ ရုရှားပစ်မှတ်တွေကို ဖျက်ဆီးကာ လက်နက်ပိုကောင်းတဲ့ ရုရှားတပ် ဖွဲ့တွေကို ထိထိရောက်ရောက် တုံ့ပြန်ရာမှာ အမေရိကန်လုပ် ဒုံးပစ်လောင်ချာတွေနဲ့ ဒရုန်းတွေကို အသုံးပြုခဲ့ပါ တယ်။
ရုရှားတပ်ဖွဲ့တွေက ခဲယမ်းလက်နက်တွေ ပိုပစ်ခတ်နိုင်ပေမယ့် အမေရိကန်နဲ့ အနောက်နိုင်ငံတွေက လက်နက်တပ်ဆင်ပေးထားတဲ့ ယူကရိန်းတပ်ဖွဲ့တွေရဲ့ တိကျတဲ့ လက်နက်ကြီးတုံ့ပြန်မှုတွေကြောင့် ရုရှားတပ်ဖွဲ့ တွေ အဆုံးအရှုံး ကြီးမားပါတယ်။

ယူကရိန်းစစ်ပွဲမှာ ရုရှားတပ်ဖွဲ့ဝင် အကြမ်းဖျင်း ၁၅၀၀၀ ကျဆုံးခဲ့လို့ ဆယ်စုနှစ်တစ်ခုနီးပါး ကြာမြင့်ခဲ့တဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာ ၁၉၈၀ ခုနှစ်တွေကဖြစ်ပွားခဲ့တဲ့ စစ်ပွဲမှာ ဆိုဗီယက်ပြည်ထောင်စု ဆုံးရှုံးခဲ့တာနဲ့ သေဆုံး မှု တူညီသွားပြီလို့ စီအိုင်အေ ညွှန်ကြားရေးမှူး ဝီလီယမ်ဘန်းစ်က ပြောပါတယ်။

ကိုးကား – The Washington Post
Ref; White House announces $270M military package for Ukraine