ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၆ ရက်

စစ်ကောင်စီက တရားဝင်ကုန်သွယ်ရေးလမ်းကြောင်းများ တင်းကျပ်လိုက်ခြင်းကြောင့် တရားမဝင် ကုန်သွယ်မှု များပြားလာကာ ပြီးခဲ့သည့် နိုဝင်ဘာ ၄ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လူသုံးဦးထံမှ ဒေါ်လာနှင့်ရွှေတုံးများ အပါအဝင် I phone 15 ProMax အလုံး ၂၀၀ ကျော် ကိုဖမ်းဆီးရမိကြောင်း ယနေ့ နိုဝင်ဘာ ၆ ရက်နေ့က စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။

ဖမ်းဆီးရမိသည့် ပစ္စည်းများတွင် မြန်မာငွေကျပ် သိန်းငါးဆယ်တန်ဖိုးရှိသည့် နောက်ဆုံးပေါ် I phone promax အလုံး ၂၅၀ ၊ အမေရိကန်ဒေါ်လာ တစ်သိန်းကျော်နှင့် 24 k ရှိသော ၉၉၉.၉ 1 kg ရွှေတုံး ၁၆ တုံးပါဝင်ပြီး စုစုပေါင်း ကျပ်သန်းလေးထောင်ကျော် တန်ဖိုးဖမ်းဆီးရမိကြောင်း သိရသည်။

ထို့ပြင် အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်တွင် ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်လိုင်စင်မပါသော Wellman အားဆေးဗူး ၁၀၀၀ကျော်၊ ကျိုက်ထိုမြို့တွင် အထောက်အထားမပါသော Prawn Hornet စားအုန်းဆီ လီတာ ၅၄၀၀၀ ၊ Yutong Bus တစ်စီး နှင့် Maxtires ကားတာယာ ၁၈ လုံးဖမ်းဆီးထားကြောင်းသိရသည်။

အဆိုပါတရားမဝင်ကုန်ပစ္စည်းသယ်ဆောင်သူများကို အကောက်ခွန်လုပ်ထုံး လုပ်နည်း များနှင့်အညီအရေးယူ ဆောင်ရွက်ကြောင်း အကောက်ခွန်ဦးစီးဌာနထံက သိရသည်။

စစ်ကောင်စီ အာဏာသိမ်းထားစဉ် ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများ အပါအဝင် အပြည်ပြည်ဆိုင်ရာဝင်ထွက်ပေါက်များမှ တရားမဝင်ကုန်ပစ္စည်းဝင်ရောက်မှု ၁၀ ဆ ကျော်မြင့်တက်လာကြောင်းသိရသည်။

စစ်ကောင်စီ အာဏာသိမ်းထားသည့် ၂၀၂၂ ခုနှစ် ဇွန်လမှ ၂၀၂၃ ခုနှစ် ဇွန်လအထိ တရားမဝင်ကုန်သွယ်မှု အမှုတွဲ ၇,၀၁၁ မှုအထိရှိခဲ့ပြီး ၂၀၁၉ ခုနှစ် အရပ်သားအစိုးရ NLD လက်ထက်တွင် အမှုတွဲ ၆၆၉ မှုသာရှိသဖြင့် တရားမဝင်ကုန်သွယ်မှု ၁၀ ဆ ကျော်မြင့် တက်လာသည်။

ဓာတ်ပုံ – လူမှုကွန်ရက်

#စစ်ကောင်စီ #တရားမဝင်ကုန်စည်မြင့်တက် #iphone13promax #ဒေါ်လာနှင့်ရွှေ #ဖမ်းဆီးရမိ #Ayeyarwaddy_Times