
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၆ ရက်
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်တွင် မြို့တွင်းလုံခြုံရေးအကြောင်းပြ၍ ယမန်နေ့(အောက်တိုဘာ ၄ ရက်) ကစပြီး စစ်ကောင်စီတပ်မှ အင်အား၄၀နီးပါးသုံး၍ အင်အားပြပုံစံဖြင့် နေ့ရောညပါ ကင်းလှည့်နေကြောင်း ဒေသခံများထံက သိရသည်။
ညောင်တုန်းမြို့တွင်းရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမ၊ မိုးဟုတ်ဘုရားလမ်းနှင့် ညောင်တုန်း-တာကွေ့-ပုသိမ်ကားလမ်းမပေါ်သို့ ယမန်နေ့ ညနေ၄နာရီမှစ၍ စစ်ကောင်စီတပ်မှ စစ်ကားတစ်စီးပေါ်တွင် အင်အား ၄၀နီပါးဖြင့် အင်အားပြကင်းလှည့်နေကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် မြို့ခံများက ပြောသည်။
“စစ်ကားတစ်စီးထဲပဲ ကားထဲမှာလူအပြည့်တင်ပြီး မြို့ထဲလိုက်ပတ်နေတာ။ မနေ့ညနေကတည်းက လှည့်တာဒီမနက်အစောကြီးမှ တာကွေ့ဘက်ပြန်သွားတယ်။တစ်ညလုံး ကင်းလှည့်သွားတာ”ဟု မျက်မြင်တွေ့ရှိခဲ့သည့် မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း၌ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မြို့တွင်းလုံခြုံရေးအဖြစ် ယခုနိုဝင်ဘာလ တစ်လလုံးနီးပါး ဆောင်ရွက်ရန် ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ)မှ မြို့နယ်စစ်ကောင်စီထံ ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်စစ်ကောင်စီ နှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံက သိရှိရသည်။
အလားတူ ညောင်တုန်းမြို့နယ်၌ ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်နေ့ကလည်း အမှတ်(၆)ရပ်ကွက်အနီး စက်လှေဆိပ်၌ ဟိုင်းကြီးကျွန်းအခြေစိုက် ပမ္မဝတီရေတပ်မှ စစ်သင်္ဘောတစ်စီး ဆိုက်ကပ်ကာ ကျန်းမာရေး စောင့်ရှောက်မှု အကြောင်းပြ၍ မြို့နယ်အနီး ကျေးရွာများမှ လူငယ်များကို စစ်တပ်သို့ ဝင်ရောက်ရန် စည်းရုံးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
#ညောင်တုန်းမြို့ #စစ်ကောင်စီတပ်အင်အား
#၄၀နီးပါး #အင်အားပြ၍ #နေ့ရာညပါကင်းလှည့်နေ
#Ayeyarwaddy_Times