ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၆ ရက်

လာမယ့်နှစ် ဆောင်းဉီးရာသီမတိုင်မီ ဒုတိယဝန်ကြီးချုပ် လောရင့်ဝေါင်ထံ ရာထူး လွှဲပြောင်းပေးမယ်လို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပြောပါတယ်။

လီရှန်လွန်းက လောရင့်ဝေါင်ထံ ရာထူးလွှဲပြောင်းပေးတာဟာ စင်ကာပူနိုင်ငံအတွက် နှစ် ၂၀ ကျော်အ တွင်း ပထမဆုံးအကြိမ် ဝန်ကြီးချုပ်အပြောင်းအလဲ ဖြစ်လာမှာဖြစ်ပါတယ်။

“လာမယ့် အထွေထွေရွေးကောက်ပွဲမတိုင်မီ ဒုတိယဝန်ကြီးချုပ် လော့ရင့်ဝေါင်ထံ ရာထူးလွှဲပြောင်းပေးဖို့ ကျွန်တော် ရည်ရွယ်ထားပါတယ်” လို့ တနင်္ဂနွေနေ့ကပြုလုပ်တဲ့ အာဏာရ People’s Action Party (PAP) ရဲ့ နှစ်ပတ်လည်ညီလာခံမှာ လီရှန်လွန်းက ပြောပါတယ်။

PAP ဟာ လွတ်လပ်ရေးရပြီးကတည်းက စင်ကာပူနိုင်ငံရဲ့ တစ်ပါတီအုပ်ချုပ်ရေးစနစ်နဲ့ တိုင်းပြည်ရဲ့နိုင်ငံ ရေးကို လွှမ်းမိုးထားခဲ့တာဖြစ်ပါတယ်။

“လာမယ့်နှစ်မှာ နိုဝင်ဘာလမှာပြုလုပ်မယ့် PAP ရဲ့ နှစ် ၇၀ ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားမတိုင်မီ ကျွန်တော်က ရာထူးလွှဲပြောင်းပေးမှာဖြစ်ပါတယ်” လို့ လီရှန်လွန်းက ပြောပါတယ်။

အသက် ၇၁ နှစ်အရွယ် လီရှန်လွန်းဟာ စင်ကာပူနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ်ဖြစ်တဲ့ လီကွမ်ယုရဲ့ အကြီး ဆုံးသားဖြစ်ပါတယ်။

လီရှန်လွန်းဟာ ၂၀၀၄ ခုနှစ်မှာ စင်ကာပူနိုင်ငံရဲ့ တတိယမြောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီး အာရှတိုက်ရဲ့ အကြီးမားဆုံး စီးပွားရေးအင်အားကြီး စင်ကာပူရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပဲ့ကိုင်ရှင်ဖြစ်ခဲ့ပါတယ်။

လီရှန်လွန်းက လောရင့်ဝေါင်ကို အာဏာလွှဲပြောင်းပေးဖို့ ဆုံးဖြတ်ခဲ့ပြီးဖြစ်ပေမယ့် ဘယ်အချိန်မှာ လွှဲ ပြောင်းပေးမယ်ဆိုတာ အရင်က ထုတ်ဖော်ပြောခဲ့တာမရှိပါဘူး။

အသက် ၅၀ နှစ်အရွယ် လောရင့်ဝေါင်ဟာ ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေပြီး စင်ကာပူ ကို သူက ဘယ်လိုပဲ့ကိုင်မယ်ဆိုတာ စိတ်ဝင်စားနေကြပါတယ်။

စင်ကာပူနိုင်ငံဟာ ကမ္ဘာတစ်ဝန်းမှ ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ပြီး ကမ္ဘာ့ ဘဏ္ဍာရေးစင်တာတစ်ခု ဖြစ်အောင် တည်ဆောက်နိုင်ခဲ့ပါတယ်။

ကိုးကား – NHK
Ref; Singapore to change prime ministers for first time in 20 years