
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၄ ရက်
အနောက်နိုင်ငံတွေက ယူကရိန်းသို့ ထောက်ပံ့ပေးထားတဲ့ စစ်လက်နက်အချို့ဟာ တရားမဝင် လက်နက် စျေးကွက်မှတစ်ဆင့် အရှေ့အလယ်ပိုင်းသို့ ရောက်ရှိကာ တာလီဘန်အဖွဲ့ထံ ရောင်းချနေတယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားလိုက်ပါတယ်။
“အနောက်နိုင်ငံတွေက ထောက်ပံ့ပေးထားတဲ့ စစ်လက်နက်အချို့ဟာ ယူကရိန်းကနေ အရှေ့အလယ်ပိုင်း ဒေသကို ရောက်ရှိနေပြီး တာလီဘန်အဖွဲ့ထံ ရောင်းချနေပါတယ်” လို့ ပူတင်က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၂၄ ရက်မှာ ရုရှားက ယူကရိန်းကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း ရုရှားတပ်ဖွဲ့ တွေကို ဖြိုခွင်းဖို့ ကြိုးပမ်းမှုတစ်ခုအနေနဲ့ အနောက်နိုင်ငံတွေဟာ ဒေါ်လာ ဘီလီယံချီတန်ကြေးရှိ စစ်လက်နက် တွေ ယူကရိန်းသို့ ပေးပို့ခဲ့ပါတယ်။
အနောက်နိုင်ငံတွေ ထောက်ပံ့ပေးထားတဲ့ စစ်လက်နက်တွေကို တင်းကျပ်စွာ ထိန်းချုပ်ထားတယ်လို့ ယူ ကရိန်းက ပြောပေမယ့် အဂတိလိုက်စားမှုကို ပိုမို တင်းကျပ်စွာ ကိုင်တွယ်ဖို့ အမေရိကန်က ယူကရိန်းကို တောင်း ဆိုထားပါတယ်။
ယူကရိန်းသို့ ပေးပို့ခဲ့တဲ့ ခေတ်မီ စစ်လက်နက်အချို့ဟာ ရာဇဝတ်ဂိုဏ်းတွေရဲ့လက်ထဲ ရောက်ရှိသွားနိုင် တယ်လို့ ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်း အင်တာပိုလ် အကြီးအကဲ ဂျာဂန်စတော့ခ်က သတိပေးခဲ့ပါတယ်။
ယူကရိန်းပဋိပက္ခဇုန်မှ စစ်လက်နက်တွေ စီးဆင်းသွားတာ လက်ရှိမှာ မရှိဘူးလို့ Global Initiative Against Transnational Organized Crime ရဲ့ ယူကရိန်းစစ်ပွဲနဲ့ တရားမဝင် လက်နက်ကုန်သွယ်မှုဆိုတဲ့ အစီရင် ခံစာက ဖော်ပြခဲ့ပါတယ်။
အမေရိကန်နိုင်ငံဉီးဆောင်တဲ့ အနောက်နိုင်ငံ ၈ ခုဟာ ယူကရိန်းသို့ ဒေါ်လာ ၉၀ ဘီလီယံတန်ကြေးရှိ စစ် လက်နက်တွေ လှူဒါန်းဖို့ ကတိပြုခဲ့ကြတယ်လို့ Kiel Institute for the World Economy က ပြောပါတယ်။
အမေရိကန်စစ်တပ်က ယူကရိန်းသို့ ပေးပို့တဲ့ စစ်လက်နက်တွေထဲမှာ ၁၅၅ မီလီမီတာ ဟောင်ဝှစ်ဇာအ မြောက် ၁၆၀၊ Bradley သံချပ်ကာယာဉ် ၁၀၉ စင်း၊ လက်နက်ငယ်ကျည်ဆံ ၁၁၁ သန်းကျော်နဲ့ လက်နက်ကြီးစ နစ် ၃၈ မျိုး ပါဝင်ပါတယ်။
ကိုးကား – Reuters
Ref; Putin says some Western weapons for Ukraine are ending up in the Taliban’s hands