ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၄ ရက်

အမေရိကန်နိုင်ငံက ယူကရိန်းသို့ ဒေါ်လာ ၄၂၅ သန်းတန်ကြေးရှိ ထပ်တိုး စစ်ရေးအကူအညီ ပေးအပ်မယ့် အကြောင်း မကြာမီ ကြေညာမယ်လို့ အမေရိကန် တာဝန်ရှိသူ ၂ ဉီးက ပြောပါတယ်။

သမ္မတရဲ့ လုပ်ပိုင်ခွင့်အရ အမေရိကန်နိုင်ငံက ပင်တဂွန်ရဲ့ စစ်လက်နက်တွေထဲကနေ ဒေါ်လာ ၁၂၅ သန်း တန်ကြေးရှိ စစ်လက်နက်တွေ ယူကရိန်းသို့ ပေးပို့မယ်လို့ အမည်မဖော်မလိုတဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရုရှားနိုင်ငံက ယူကရိန်းကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း အမေရိကန်နိုင် ငံရဲ့ ၅၀ ကြိမ်မြောက် စစ်ရေးအကူအညီ ပေးအပ်မှုဖြစ်ပါတယ်။

အမေရိကန်နိုင်ငံက ယူကရိန်းသို့ပေးအပ်တဲ့ စစ်ရေးအကူအညီထဲမှာ GMLRS ဒုံးကျည်တွေ၊ မြေပြင်-ဝေ ဟင်ခွင်းဒုံးကျည်တွေ၊ ၁၀၅ မမ အမြောက်ကျည်တွေ၊ သယ်ယူပို့ဆောင်ရေးယာဉ် ၁၂ စင်းနဲ့ ဆောင်းရာသီမှာ ဝတ် ဆင်ရတဲ့ အဝတ်အထည်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် အမေရိကန်က ယူကရိန်းသို့ပေးအပ်တဲ့ စစ်ရေးအကူအညီထဲမှာ ဒရုန်းတွေကို ပစ်ချမယ့် လေ ဆာပဲ့ထိန်း ခဲယမ်းမီးကျောက်တွေအတွက် ယူကရိန်း လုံခြုံရေးအကူအညီအစီအစဉ် (USAI) မှ ဒေါ်လာ သန်း ၃၀၀ လည်း ပါဝင်ပါတယ်။

ပင်တဂွန်ဟာ USAI ရန်ပုံငွေ ကုန်ဆုံးတော့မှာဖြစ်ပြီး ဒေါ်လာ ၅ ဘီလီယံခန့်သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

အစိုးရယန္တယား ရပ်ဆိုင်းမှုကို ဟန့်တားပေးမယ့် ဆုံးဖြတ်ချက်တစ်ရပ်ကို အမေရိကန် ကွန်ဂရက်က အ တည်ပြုခဲ့ပေမယ့် အဆိုပါဆုံးဖြတ်ချက်က နိုဝင်ဘာလ ၁၇ ရက်မှာ သက်တမ်းကုန်မှာဖြစ်ပါတယ်။

ရုရှားရဲ့ ကျူးကျော်စစ်စတင်ပြီးနောက်ပိုင်း အမေရိကန်နိုင်ငံဟာ ယူကရိန်းသို့ လုံခြုံရေးအကူအညီ ဒေါ် လာ ၄၄ ဘီလီယံ ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။

ကိုးကား – VOA
Ref; $425M in US Military Aid to Ukraine Expected as Soon as Friday

#Ayeyarwaddy_Times