
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၃ ရက်
ကုန်သွယ်ရေး အချက်အချာမြို့တစ်မြို့ အပါအဝင် မြို့ ၄ မြို့ သိမ်းပိုက်ခဲ့တယ်လို့ မြောက်ပိုင်းမဟာမိတ် အဖွဲ့က ပြောတဲ့ မြန်မာနယ်စပ်တစ်လျှောက် တိုက်ပွဲတွေရပ်တန့်ဖို့ တရုတ်နိုင်ငံက တောင်းဆိုလိုက်ပါတယ်။
“တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမြောက်ပိုင်းက ပဋိပက္ခကို အနီးကပ် စောင့်ကြည့်နေပါတယ်” လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဘင်ဘင်က နိုဝင်ဘာလ ၂ ရက်မှာ ပြောကြားခဲ့ပါတယ်။
“အပစ်အခတ် ချက်ချင်း ရပ်စဲဖို့၊ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့၊ သဘောထားကွဲလွဲမှုတွေကို ငြိမ်းချမ်း သော နည်းလမ်းတွေမှတစ်ဆင့် ဖြေရှင်းဖို့နဲ့ အကြမ်းဖက်မှုတွေ ရှောင်ရှားဖို့ ပါဝင်ပတ်သက်သူအားလုံးကို ကျွန် တော်တို့ တိုက်တွန်းပါတယ်” လို့ သူက ဆိုပါတယ်။
တစ်ပတ်ကြာ စစ်ဆင်ရေးအတွင်း ကုန်သွယ်ရေးအချက်အချာ ချင်းရွှေဟော်မြို့ အပါအဝင် မြို့ ၄ မြို့နဲ့ သံ ချပ်ကာယာဉ် ၆ စင်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြော ပါတယ်။
တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ချင်းရွှေဟော် အပါအဝင် နယ်မြေအချို့ ဆုံးရှုံးခဲ့တယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ရုပ်သံမိန့်ခွန်းတစ်ခုအ တွင်း ပြောကြားခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက ပဋိပက္ခတွေဟာ အာဏာသိမ်းပြီးနောက် ၃ နှစ်နီးပါးအကြာမှာ တိုင်းပြည်ကို ထိန်းချုပ်ထားတဲ့ စစ်ကောင်စီရဲ့ စိန်ခေါ်မှုတွေကို မီးမောင်းထိုးပြနေပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဟာ တိုင်းပြည်ရဲ့ပိုင်နက်နယ်မြေ ၆၀ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားပြီး စစ် ကောင်စီရဲ့ အရေးပါတဲ့ ခြေကုပ်နယ်မြေတွေကိုပင် ခြိမ်းခြောက်နိုင်ပြီလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက စက် တင်ဘာလအတွင်း ပြောကြားခဲ့ပါတယ်။
တရုတ် ပြည်သူ့လုံခြုံရေးဝန်ကြီး Wang Xiaohong ဟာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံဖို့ ပြီးခဲ့တဲ့အင်္ဂါနေ့က မြန်မာနိုင်ငံသို့ သွားရောက်ခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဖြုတ်ချခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဟာမိတ်တွေ အပါအဝင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေဟာ မြို့ပြခြေကုပ်နယ်မြေတွေသာ ထိန်းချုပ်နိုင်တော့တဲ့ စစ်ကောင်စီအပေါ် မြေပြင်ထိုးစစ်ဆင် မှုတွေ အရှိန်မြှင့်ပြုလုပ်နေပါတယ်။
ကိုးကား – Bangkok Post
Ref; China urges ceasefire along Myanmar border