ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁ ရက်
စစ်ကောင်စီရဲ့ အဓိက ဝင်ငွေရပေါက်တစ်ခုဖြစ်တဲ့ မြန်မာ့ရေနံနှင့်ဓာတ်ငွေ့လုပ်ငန်း (MOGE) ကို တစ် စိတ်တစ်ပိုင်း ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်လိုက်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက အောက်တိုဘာ လ ၃၁ ရက်မှာ ကြေညာခဲ့ပါတယ်။
စစ်ကောင်စီထိန်းချုပ် နိုင်ငံပိုင်လုပ်ငန်းတစ်ခုအပေါ် ပထမဆုံးအကြိမ် တိုက်ရိုက် အရေးယူမှုအနေနဲ့ ဒီဇင် ဘာလ ၁၅ ရက်မှစတင်ကာ အမေရိကန်နိုင်ငံသားတွေကို MOGE အတွက် ငွေကြေးဝန်ဆောင်မှု ဆောင်ရွက်ပေး တာ တားမြစ်မယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
ပိတ်ပင်ထားတဲ့ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုတွေထဲမှာ ချေးငွေ၊ ဘဏ်အကောင့်၊ အာမခံ၊ ရင်းနှီးမြှုပ်နှံမှု နဲ့ အခြား ဝန်ဆောင်မှုလုပ်ငန်းတွေ ပါဝင်တယ်လို့ သိရပါတယ်။
အမေရိကန်ဘဏ်စနစ်ပြင်ပကို ထုတ်ပယ်ကာ အမေရိကန်နိုင်ငံသားတွေနဲ့ ကုန်သွယ်မှုပြုတာ ပိတ်ပင်ပြီး အမေရိကန်နိုင်ငံရှိ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းမယ့် အထူးသတ်မှတ်ထားတဲ့ ပိုင်ဆိုင်မှုစာရင်းထဲကို MOGE ကို ထည့်သွင်းတာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံက ဗြိတိန်၊ ကနေဒါနိုင်ငံနဲ့ ညှိနှိုင်းဆောင်ရွက်ကာ မြန်မာစစ်တပ်နဲ့ပတ်သက်တဲ့ စီးပွား ရေးလုပ်ငန်း ၃ ခုနဲ့ လူပုဂ္ဂိုလ် ၅ ဉီးကို ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။
“မြန်မာစစ်ကောင်စီထံ လက်နက်၊ လေယာဉ်ဆီနဲ့ ဝင်ငွေစီးဆင်းမှု ဖြတ်တောက်မယ့် လက်ဆုပ်လက် ကိုင်ပြနိုင်တဲ့ အစီအမံတွေ လုပ်ဆောင်ကြဖို့ နိုင်ငံအားလုံးကို ကျွန်တော်တို့ ဆက်လက် အားပေးမယ်” လို့ အမေရိ ကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က သီးခြားထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
ဗြိတိန်နိုင်ငံက စစ်ကောင်စီအတွက် ငွေကြေးဝန်ဆောင်မှု ဆောင်ရွက်ပေးတဲ့ သို့မဟုတ် လေယာဉ် အ စိတ်အပိုင်းတွေ အပါအဝင် ကန့်သတ်ထားတဲ့ ကုန်ပစ္စည်းတွေ ထောက်ပံ့မှုကြောင့် လူပုဂ္ဂိုလ် ၅ ဉီးနဲ့ စီးပွားရေး လုပ်ငန်းတစ်ခုကို ဒဏ်ခတ်ပိတ်ဆို့တဲ့စာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။
ကနေဒါနိုင်ငံကလည်း မြန်မာစစ်ကောင်စီကို ပံ့ပိုးကူညီနေတဲ့ လူပုဂ္ဂိုလ် ၃၉ ဉီးနဲ့ စီးပွားရေးလုပ်ငန်း ၂၂ ခု ကို ဒဏ်ခတ်ပိတ်ဆို့ပေမယ့် နှစ်နိုင်ငံစလုံးရဲ့ ဒဏ်ခတ်အရေးယူတဲ့စာရင်းမှာ MOGE ကို မထည့်သွင်းခဲ့ပါဘူး။
“ဒီနေ့ အရေးယူမှုဟာ မြန်မာစစ်တပ်အပေါ် ကျွန်တော်တို့ရဲ့ စုပေါင်းဖိအားပေးမှုဖြစ်ပြီး အကြမ်းဖက်အ ပြုအမူတွေ ကျူးလွန်ဖို့ လိုအပ်တဲ့ လက်နက်တွေ စစ်ကောင်စီ ရရှိတော့မှာမဟုတ်ပါဘူး” လို့ အမေရိကန် ဘဏ္ဍာ ရေးဝန်ကြီးဌာန၊ အကြမ်းဖက်မှုနှင့် ငွေကြေးထောက်လှမ်းရေးဌာနဆိုင်ရာ ဒုတိယဝန်ကြီး ဘရိုင်ယန်နယ်လ်ဆင် က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
ကိုးကား – Reuters
Ref; US targets Myanmar’s state oil and gas enterprise with form of sanctions