ဧရာ၀တီတိုင်းမ်
အောက်တိုဘာ ၃၀ ရက်

တရုတ်-မြန်မာနယ်စပ်ဖြစ်ပြီး ကုန်စည်စီးဆင်းရာ အဓိကဖြစ်သည့် ဖောင်းဆိုင်မြို့ကို မဟာမိတ်ညီ နောင်သုံးဖွဲ့က ယနေ့ ညနေပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ ကြောင်း သိရသည်။

အဆိုပါ ဖောင်းဆိုင်မြို့ကို ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့ကတည်းက စတင်တိုက်ခိုက်နေခြင်းဖြစ် ပြီး လေးရက်မြောက် ယနေ့ ညနေပိုင်း ၆ နာရီ၀န်းကျင်တွင် MNDAA အဖွဲ့က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထား သည်။

ဖောင်းဆိုင်သည် မူဆယ်၊ ပန်ဆိုင်း၊ မုံကိုးတို့၏ အချက်အချာကျသည့် ဒေသဖြစ်ပြီး တရုတ်-မြန်မာ နယ်စပ်ကို ကုန်စည်စီးဆင်းသည့် အဓိကနေရာလည်းဖြစ်သည်။

အလားတူ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် အနီးတွင် ယနေ့ ည ၇ နာရီကျော်ကတည်းက တိုက်ပွဲအပြင်းအထန်စတင်ဖြစ်ပွားနေကြောင်း ဒေသခံများထံက သိရသည်။

ယနေ့တွင် စစ်ကောင်စီစစ်စခန်း ၂၁ ခုကို လည်း သိမ်းပိုက်နိုင်ခဲ့ကာ စုစုပေါင်း စစ်စခန်း ၇၈ ခု အထိ သိမ်းပိုက်ထားနိုင်ခဲ့ပြီး ဖောင်းဆိုင်ကိုသိမ်းပိုက် ချိန်တွင် စစ်ကောင်စီဘက်က ၁၈ ဦးသေဆုံးပြီး ၃၇ ဦးကို အရှင်ဖမ်းဆီးရမိကာ သံချပ်ကာကားတစ်စီးကို ဖျက်ဆီးနိုင်ခဲ့သည်ဟု သိရသည်။

#ရှမ်းမြောက် #ဖောင်းဆိုင် #ညီနောင်မဟာမိတ် #သိမ်းပိုက် #မူဆယ် #၁၀၅ မိုင် #တိုက်ပွဲဖြစ်
#Ayeyarwaddy_Times