
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၈ ရက်
မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခသတင်းတွေကို နားစွင့်နေတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာလ ၂၇ ရက်မှာ ပြောကြားခဲ့ပြီး စစ်ကောင်စီနဲ့ အပစ်အခတ်ရပ်စဲဖို့နဲ့ တိုက်ခိုက်မှုတွေ ချက်ချင်း ရပ်တန့်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို တောင်းဆိုလိုက်ပါတယ်။
“သဘောထားကွဲလွဲမှုတွေကို တွေ့ဆုံဆွေးနွေးမှုကနေ ဖြေရှင်းဖို့၊ ပဋိပက္ခအရှိန်မြှင့်လာတာကို ရှောင် ကြဉ်ကြဖို့နဲ့ တရုတ်-မြန်မာနယ်စပ် လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် လက်တွေ့ကျသော ထိရောက်တဲ့ အစီအမံ တွေ လုပ်ဆောင်ကြဖို့ တရုတ်နိုင်ငံက သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို တောင်းဆိုပါတယ်” လို့ တရုတ် နိုင်ငံခြား ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို တစ် ပြိုင်နက်တည်း တိုက်ခိုက်တာကြောင့် ပြင်းထန်သော တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူက အခုလို မှတ်ချက်ပြုခဲ့တာဖြစ်ပါတယ်။
အောက်တိုဘာလ ၂၇ ရက်မှစ၍ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင့်တပ်တော် (AA), ကိုးကန့်တပ် (MNDAA) နှင့် တအောင်းတပ် (TNLA) တို့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် ၁၀၂၇ စစ်ဆင် ရေးအဖြစ် ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို အပြင်းအထန် တိုက်ခိုက်နေပါတယ်။
Operation 1027 ပထမနေ့ နံနက်ပိုင်းမှာပင် ညီနောင်မဟာမိတ်အဖွဲ့က ချင်းရွှေဟော်မြို့ကို သိမ်းပိုက် ပြီး စစ်ကောင်စီတပ်စခန်း ၁၀ ခုထက်မနည်းကို သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။
ညီနောင်မဟာမိတ်ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) လည်း ပါ ဝင်တိုက်ခိုက်နေပြီး မန္တလေး PDF ကလည်း တောင်သမန်စစ်ဆင်ရေးအမည်နဲ့ ပူးပေါင်းတိုက်ခိုက်မယ်လို့ ထုတ် ပြန်ထားပါတယ်။
MNDAA က စစ်ကောင်စီတပ်တွေကို တိုက်ထုတ်ကာ ချင်းရွှေဟော်မြို့ကို သိမ်းပိုက်ထားပြီး တရုတ်-မြန် မာနယ်စပ်ဂိတ်တွေနဲ့ လားရှိုးမြို့ကိုသွားတဲ့ ပြည်ထောင်စုလမ်းမကြီးကို ပိတ်ပင်ထားပါတယ်။
ကိုးကား – CGTN
Ref; China urges ceasefire in Myanmar after fighting in country’s north