ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၄ ရက်

တရုတ်စစ်သင်္ဘောတွေက တောင်တရုတ်ပင်လယ် အငြင်းပွား ကျွန်းစုတစ်ခုအနီး ဖိလစ်ပိုင်စစ်သင်္ဘော ၂ စင်းနဲ့ တိုက်မိခဲ့ပြီးနောက် ၁၉၅၁ ခုနှစ် စာချုပ်အရ လက်နက်ကိုင်တိုက်ခိုက်မှုဖြစ်လာရင် ဖိလစ်ပိုင်နိုင်ငံကို ကာ ကွယ်ပေးမယ်လို့ အမေရိကန်နိုင်ငံက သတိပေးလိုက်ပါတယ်။

ဖြစ်စဉ်အပြီးမှာ အပြင်းအထန် ကန့်ကွက်မှုပြုလုပ်ဖို့ ဖိလစ်ပိုင်သံတမန်တွေက မနီလာမြို့တော်ရှိ တရုတ် သံရုံး တာဝန်ရှိသူတွေကို ဆင့်ခေါ်ခဲ့ပါတယ်။

အငြင်းပွား ရေပိုင်နက်အတွင်း တရုတ်ရဲ့ ရန်လိုမှုတွေကို ဆွေးနွေးဖို့ ဖိလစ်ပိုင်သမ္မတ မားကို့စ်ဂျူနီယာက ကာကွယ်ရေးဝန်ကြီး၊ အခြား ထိပ်တန်းစစ်ဘက်တာဝန်ရှိသူတွေနဲ့ အရေးပေါ် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပါ တယ်။

အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဂီလ်ဘာတိုတီယိုဒို ရိုက တရုတ်နိုင်ငံရဲ့ ရန်လိုသောလုပ်ရပ်တွေကို အပြင်းအထန် ရှုတ်ချလိုက်ပါတယ်။

“တရုတ်နိုင်ငံရဲ့ ရန်စမှုဟာ နိုင်ငံတကာဉပဒေကို အရှက်မရှိ ချိုးဖောက်မှုလို့ ဖိလစ်ပိုင်အစိုးရက ရှုမြင်ပါ တယ်။ ကျွန်တော်တို့ရေပိုင်နက်နဲ့ အထူးသီးသန့်စီးပွားရေးဇုန်အတွင်း တရုတ်နိုင်ငံက တရားဉပဒေစိုးမိုးမှု စစ်ဆင် ရေးတွေ လုပ်ဆောင်ပိုင်ခွင့်မရှိပါဘူး” လို့ သူက ဆိုပါတယ်။

သမ္မတ မားကို့စ်ဂျူနီယာက ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးခဲ့ပေမယ့် ဖိလစ်ပိုင်အစိုးရက ဘာတွေ လုပ်ဆောင်သွားမယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားဖို့ သူက ငြင်းဆန်ခဲ့ပါတယ်။

တရုတ်ကမ်းခြေစောင့်သင်္ဘော ၅ စင်း၊ ရေယာဉ် ၈ စင်းနဲ့ ရေတပ်သင်္ဘော ၂ စင်းတို့က ဖိလစ်ပိုင်ကမ်းခြေ စောင့်သင်္ဘော ၂ စင်းနဲ့ စက်လှေ ၂ စင်းတို့ကို စားနပ်ရိက္ခာနဲ့ အခြားကုန်ပစ္စည်းတွေ ပို့ဆောင်ခွင့်မရအောင် ဝိုင်း ဝန်းပိတ်ဆို့ခဲ့တာပါ။

ဖိလစ်ပိုင်သင်္ဘောတွေက တရုတ်ရေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ခဲ့တာလို့ ဖိလစ်ပိုင် နိုင်ငံခြား ရေးဝန်ကြီးဌာနက ဆင့်ခေါ်ခဲ့တဲ့ တရုတ်အကြီးတန်းသံတမန်က ပြောပါတယ်။

အမေရိကန်နဲ့ အခြားမဟာမိတ်တွေက တရုတ်ရဲ့လုပ်ရပ်ကို စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောခဲ့ပါ တယ်။ “အမေရိကန်နိုင်ငံက ဖိလစ်ပိုင်နဲ့အတူ ရပ်တည်တယ်” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ် ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

သင်္ဘောချင်းတိုက်မိစေတဲ့ တရုတ်သင်္ဘောတွေရဲ့ အန္တရာယ်များသောလုပ်ရပ်တွေကို အမေရိကန်နိုင်ငံက အပြစ်ဖို့ခဲ့ပြီး ဖိလစ်ပိုင်သင်္ဘောတွေရဲ့ လွတ်လပ်သော ရေကြောင်းသွားလာမှုကို ရည်ရွယ်ချက်ရှိရှိ ကြားဝင်ဟန့် တားတဲ့ တရုတ်စစ်သင်္ဘောတွေဟာ နိုင်ငံတကာဉပဒေကို ချိုးဖောက်ခဲ့တယ်လို့ ပြောပါတယ်။

ကိုးကား – VOA
Ref; US Renews Warning it Will Defend Philippines After Incidents with Chinese Vessels in South China Sea

#Ayeyarwaddy_Times