ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၄ ရက်

အမေရိကန်၊ ဂျပန်တို့နဲ့အတူ ပူးတွဲ လေတပ်လေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့ရာ ၃ နိုင်ငံကြား ပထမဆုံးသော ပူးပေါင်းဆောင်ရွက်မှုဖြစ်လာခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

တနင်္ဂနွေနေ့ကပြုလုပ်တဲ့ လေကြောင်းလေ့ကျင့်မှုမှာ အမေရိကန်စစ်တပ်မှ B-52 ဗုံးကြဲလေယာဉ်တစ် စင်းအပြင် ၃ နိုင်ငံမှ ဂျက်တိုက်လေယာဉ်တွေ ပါဝင်ခဲ့တယ်လို့ တောင်ကိုရီးယားလေတပ်က ကြေညာခဲ့ပါတယ်။

တောင်ကိုရီးယားနဲ့ ဂျပန်ရဲ့ လေကြောင်းရန်ကာကွယ်ရေးဇုန်တွေရှိရာ ကိုရီးယားကျွန်းဆွယ်ရဲ့တောင် ဘက်မှာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တာလို့ တောင်ကိုရီးယားလေတပ်က ဆိုပါတယ်။

အမေရိကန်ရဲ့ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တစ်စင်းနဲ့ ၃ နိုင်ငံမှ ဂျက်တိုက်လေယာဉ်တေွ အုပ်စု ဖွဲ့ပျံသန်းနေတာကို ရုပ်သံပုံတွေက ပြသနေပါတယ်။

အမေရိကန်၊ ဂျပန်လေတပ်တွေနဲ့ ပထဆုံးအကြိမ် ၃ နိုင်ငံ လေတပ်ဆိုင်ရာ လေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့ တာလို့ တောင်ကိုရီးယားလေတပ်က ပြောပါတယ်။

ဂျပန်နဲ့ တောင်ကိုရီးယားတို့ဟာ အမေရိကန်နိုင်ငံနဲ့ နှစ်နိုင်ငံ စစ်ရေးလေ့ကျင့်မှုတွေ သီးခြားစီ ပြုလုပ်နေ ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကို ၃ နိုင်ငံက လက်တုံ့ပြန်ဖို့နဲ့ ၃ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့တာလို့လည်း တောင်ကိုရီးယားလေတပ်က ပြောပါ တယ်။

အောက်တိုဘာလ ၁၇ ရက်က တောင်ကိုရီးယားမှာ အမေရိကန်ရဲ့ B-52 ဗုံးကြဲလေယာဉ်တစ်စင်း ဆင်း သက်တာကို မြောက်ကိုရီးယားက အပြင်းအထန် ရှုတ်ချခဲ့ပြီး နျူကလီးယားစစ်ပွဲ ဖြစ်လာနိုင်တဲ့လုပ်ရပ်တစ်ခုလို့ ပြောကြားလိုက်ပါတယ်။

ကိုးကား – NHK
Ref; S.Korea military: 1st trilateral aerial drill held with US, Japan

#Ayeyarwaddy_Times