ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၄ ရက်

ယူကရိန်းကျူးကျော်စစ်မှာ အသုံးပြုဖို့ ရုရှားနိုင်ငံမှာ အမြောက်ကျည်ဆံ ၄ သန်းဝန်းကျင် ရှိနေဆဲပဲလို့ အက်စတိုနီးယား စစ်ဘက်ထောက်လှမ်းရေးဌာန အကြီးအကဲက အန့်ကီဗီဆတ်ဗ်က ပြောပါတယ်။

ရုရှားစစ်တပ်က တစ်ရက်လျင် အမြောက်ကျည်ဆံ ၁၀၀၀၀ အသုံးပြုနိုင်သေးတာကြောင့် ယူကရိန်းကျူး ကျော်စစ်ကို ဆက်လက် ဆင်နွှဲနိုင်မယ်လို့ သူက ဆိုပါတယ်။

အကြမ်းဖျင်းအားဖြင့် အမြောက်ကျည်ဆံ ၃၀၀၀၀၀ ကို မြောက်ကိုရီးယားနိုင်ငံက ထောက်ပံ့ပေးခဲ့ပြီး ထိုပမာဏက တစ်လတာ အသုံးပြုနိုင်မယ်လို့ သူက ပြောပါတယ်။

မြောက်ကိုရီးယားထံမှ လက်နက်ကြီးကျည်တွေ တင်ပို့တာဟာ ရုရှားက ရေရှည်အထိ ယူကရိန်းကျူး ကျော်စစ်ကို ဆက်လက် ဆင်နွှဲမယ်ဆိုတာကို ညွှန်ပြနေတာလို့ သူက ဆိုပါတယ်။

ရုရှားတပ်ဖွဲ့တွေဟာ သိသာသော စွမ်းဆောင်ရည်တွေ ရှိနေဆဲဖြစ်ပြီး ရှေ့တန်းစစ်မျက်နှာပြင်တွေကို တည်ငြိမ်အောင် စေတနာ့ဝန်ထမ်းတွေကို ပို့ဆောင်နိုင်ဆဲပဲလို့ သူက ထောက်ပြပါတယ်။

မော်တော်ယာဉ်တွေအတွက် အခက်အခဲပိုဖြစ်စေတဲ့ မြေပြင်မှာ ရာသီဉတုစွတ်စိုပြီး ရွှံ့နွံမထူထပ်မီ ထိုးစစ် ဆင်မှု အရှိန်မြှင့်တင်ဖို့ ရုရှားက ပြင်ဆင်နေတယ်လို့ သူက ဆိုပါတယ်။

ရုရှားနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ နေတိုးအဖွဲ့ဝင်တစ်နိုင်ငံဖြစ်တဲ့ အက်စတိုနီးယားနိုင်ငံဟာ ယူကရိန်း ကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း အိမ်နီးချင်းရုရှားအပေါ် စိုးရိမ်မှုတွေ ကြီးထွားလာခဲ့ပါတယ်။

ကိုးကား – NHK
Ref; Estonian intelligence: Russia still has 4 million artillery shells

#Ayeyarwaddy_Times