
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၂ ရက်
ဒေါ်လာ ၁၀၆ ဘီလီယံတန်ကြေးရှိ လုံခြုံရေးဆိုင်ရာ အစီအစဉ်အရ ယူကရိန်းနဲ့ အစ္စရေးအတွက် အရေး ပေါ် စစ်ရေးအကူအညီ ပေးအပ်ဖို့ သမ္မတ ဂျိုးဘိုင်ဒင်က တောင်းဆိုခဲ့ပေမယ့် အမေရိကန်ကွန်ဂရက်က အတည်ပြု ဖို့ ခက်ခဲမှုရှိနိုင်ပါတယ်။
အမေရိကန်ဟာ ကမ္ဘာ့ဉီးဆောင်သူဆိုတာ အမေရိကန်ပြည်သူတွေ လက်ခံယုံကြည်လာစေဖို့ အစ္စရေးအ ပေါ် ဟားမာစ်အဖွဲ့ရဲ့ တိုက်ခိုက်မှုနဲ့ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကို ဉပမာပေးခဲ့ပြီး ဂျိုးဘိုင်ဒင်က စစ်ရေးအ ကူအညီပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။
ယူကရိန်းအတွက် စစ်ရေးအကူအညီ ဒေါ်လာ ၆၁ ဘီလီယံနဲ့ အစ္စရေးအတွက် ဒေါ်လာ ၁၄ ဘီလီယံက အမေရိကန်အကျိုးစီးပွားကို မျိုးဆက်နဲ့ချီ အကျိုးရှိစေမယ်လို့ အသက် ၈၀ နှစ်အရွယ် ဂျိုးဘိုင်ဒင်က ဘဲဉပုံခန်းမ ကနေ ပြောကြားတဲ့ မိန့်ခွန်းတစ်ခုအတွင်း ပြောပါတယ်။
ရုရှားကို တိုက်ခိုက်နိုင်မယ့် စစ်ရေးအကူအညီတွေ ပိုတောင်းခံဖို့ စက်တင်ဘာလအတွင်း ဝါရှင်တန်မြို့ တော်သို့ သွားရောက်ခဲ့တဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးက အကူအညီပေးဖို့ အဆိုပြုတဲ့ ဂျိုးဘိုင်ဒင်ကို ကျေးဇူး တင်ရှိတယ်လို့ ပြောပါတယ်။
ဂျိုးဘိုင်ဒင် အဆိုပြုတဲ့ လုံခြုံရေးဆိုင်ရာ အစီအစဉ်ထဲမှာ မက္ကဆီကိုနိုင်ငံနဲ့ထိစပ်နေတဲ့ တောင်ပိုင်းနယ် စပ်က လူဝင်မှုအကျပ်အတည်းအတွက် ဒေါ်လာ ၁၄ ဘီလီယံနဲ့ လုံခြုံရေးအတွက် ဒေါ်လာ ၆ ဒသမ ၄ ဘီလီယံ ပါဝင်ပါတယ်။
ဒါ့အပြင် အဆိုပါအစီအစဉ်ထဲမှာ တရုတ်နိုင်ငံကို တန်ပြန်ဖို့နဲ့ အာရှ-ပစိဖိတ်ဒေသမှာ မဟာမိတ်တွေ တိုး မြှင့်ဖို့ ဒေါ်လာ ၇ ဘီလီယံ၊ ဂါဇာ၊ ယူကရိန်းနဲ့ အစ္စရေးအတွက် လူသားချင်းစာနာမှု အကူအညီအတွက် ဒေါ်လာ ၉ ဘီလီယံကျော်လည်း ပါဝင်ပါတယ်။
ကိုးကား – The Defense Post
Ref; Biden Requests $106B for Ukraine, Israel, Border