ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၀ ရက်

အမေရိကန်ဖျက်သင်္ဘောတစ်စင်းက ခရုဇ်ဒုံးကျည် ၃ စင်းနဲ့ မောင်းသူမဲ့လေယာဉ် အမြောက်အများကို ကြားဖြတ်ဖျက်ဆီးခဲ့တယ်လို့ ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ပတ်ရိုင်ဒါက သတင်းထောက်တွေကို ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ယီမင်နိုင်ငံရှိ ဟူသီသူပုန်အဖွဲ့က အစ္စရေးနိုင်ငံရှိ ပစ်မှတ်တွေကို ဉီးတည်ပြုလုပ်ခဲ့ တာလို့ သူက ဆိုပါတယ်။

ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးနဲ့ ဟားမာစ်စစ်သွေးကြွအဖွဲ့ကြား တည်ငြိမ်မှုထိန်းသိမ်းဖို့ သမ္မတ ဂျိုး ဘိုင်ဒင်ရဲ့အမိန့်အရ အမေရိကန်တပ်ဖွဲ့တွေ တပ်ဖြန့်ထားမှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် USS Carney ဖျက် သင်္ဘောဟာ ပင်လယ်နီအတွင်း ကင်းလှည့်နေပါတယ်။

ဒုံးကျည်တွေကို ဆော်ဒီအာရေးဘီးယားဉီးဆောင်တဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့နဲ့ စစ်ဖြစ်နေတဲ့ အီရန်နိုင်ငံက ကျောထောက်နောက်ခံပြုထားတဲ့ ဟူသီသူပုန်အဖွဲ့က ပစ်ခတ်ခဲ့တာလို့ ရိုင်ဒါက ဆိုပါတယ်။

အမေရိကန်တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာ မရှိခဲ့ဘဲ ကြားဖြတ်ဟန့်တားခဲ့တဲ့ ဒုံးကျည်တွေဟာ ရေပြင် ထဲ ကျသွားခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

“ဒီဒုံးကျည်တွေဟာ ဘာကိုပစ်မှတ်ထားတယ်ဆိုတာ ကျွန်တော်တို့ အတိအကျ မပြောနိုင်ပေမယ့် ယီမင် နိုင်ငံကနေ ပစ်ခတ်ခဲ့တာဖြစ်ပြီး ပင်လယ်နီတစ်လျောက် မြောက်ဘက်ကို ဉီးတည်နေပါတယ်” လို့ သူက ဆိုပါ တယ်။

အစ္စရေး-ဟားမာစ်စစ်ပွဲက ဒေသတွင်း ပျံ့နှံ့လာတာကြောင့် လေယာဉ်တင်သင်္ဘော ၂ စင်း အပါအဝင် တိုက်လေယာဉ်တွေ၊ စစ်သင်္ဘောတွေ အရှေ့အလယ်ပိုင်းဒေသသို့ စေလွှတ်ဖို့ သမ္မတ ဂျိုးဘိုင်ဒင်က အမိန့်ပေးခဲ့ပါ တယ်။

အမေရိကန်တပ်ဖွဲ့ဝင် ၂၀၀၀ ကို အရှေ့အလယ်ပိုင်းဒေသသို့ စေလွှတ်ရေး အသင့်အနေအထားရှိဖို့ ပင်တ ဂွန်က ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ညွှန်ကြားခဲ့ပါတယ်။

အမေရိကန်တပ်ဖွဲ့ဝင်တွေ စေလွှတ်ရင် အကျပ်အတည်းကို ပိုမို မြန်ဆန်စွာ လက်တုံ့ပြန်နိုင်မယ်လို့ ကာ ကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောပါတယ်။

ဂျိုးဘိုင်ဒင်ဟာ အမေရိကန်နိုင်ငံရဲ့ ထောက်ခံအားပေးမှုကို ပြသဖို့ ဒီသီတင်းပတ်အတွင်း အစ္စရေးနိုင်ငံသို့ သွားရောက်ခဲ့ပါတယ်။

အစ္စရေးနိုင်ငံအပေါ် အင်အားတောင့်တင်းတဲ့ လက်ဘနွန်စစ်သွေးကြွအဖွဲ့ ဟစ်ဇ်ဘိုလာက တိုက်ခိုက်လာ ရင် အမေရိကန်တပ်ဖွဲ့က အစ္စရေးနဲ့အတူ လက်တွဲတိုက်ခိုက်မယ်လို့ အမေရိကန်အစိုးရက အစ္စရေးကို ပြောကြား ခဲ့တယ်ဆိုတဲ့ သတင်းတွေဟာ မမှန်ဘူးလို့ ဂျိုးဘိုင်ဒင်က ပြောပါတယ်။

ကိုးကား – AFP
Ref; US Navy intercepts 3 missiles fired from Yemen ‘potentially’ at Israel: Pentagon

#Ayeyarwaddy_Times