
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၉ ရက်
ပါလက်စတိုင်း အစ္စလာမ္မစ်အဖွဲ့ ဟားမာစ်အား တိုက်ခိုက်ရာမှာ အမေရိကန်နိုင်ငံက မဟာမိတ်တွေကို ထောက်ခံကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ထပ်လောင်းပြောကြားလိုက်ပါတယ်။
ဟားမာစ်အဖွဲ့က အစ္စရေးနိုင်ငံအပေါ် ရုတ်တရက် တိုက်ခိုက်မှုတစ်ခု ပြုလုပ်ပြီးနောက် ၁၀ ရက်အကြာ မှာ ဂျိုးဘိုင်ဒင်က ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနဲ့ တွေ့ဆုံဆွေးနွေးဖို့ တဲအဗစ်မြို့တော်ကို သွားရောက်ခဲ့ပါ တယ်။
၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှုအပေါ် အမေရိကန်နိုင်ငံက ပြုလုပ်ခဲ့သလို မျိုး အစ္စရေးနိုင်ငံရဲ့ လက်တုံ့ပြန်မှုကို ဂျိုးဘိုင်ဒင်က သတိပေးခဲ့ပါတယ်။
“အစ္စရေးနိုင်ငံတစ်ခုတည်း မဟုတ်ဖူးဆိုတဲ့ သတင်းစကားနဲ့အတူ ကျွန်တော် အစ္စရေးနိုင်ငံကို လာခဲ့တာ ပါ။ အမေရိကန်နိုင်ငံရှိနေသရွေ့ အစ္စရေးနိုင်ငံနဲ့အတူ ရပ်တည်မှာဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
ပါလက်စတိုင်းပြည်သူတွေ ခိုလှုံနေတဲ့ ဂါဇာမြို့တော်ရှိ ဆေးရုံတစ်ခုမှာ ပေါက်ကွဲမှုက ဂျိုးဘိုင်ဒင်ရဲ့ခရီး စဉ်ကို ရှုပ်ထွေးစေခဲ့ပါတယ်။ လူပေါင်း ၅၀၀ နီးပါး သေဆုံးခဲ့တဲ့ အဆိုပါဆေးရုံပေါက်ကွဲမှုဟာ အစ္စရေးနိုင်ငံရဲ့ လက်ချက်လို့ ဂါဇာအာဏာပိုင်တွေက အပြစ်ဖို့ခဲ့ပါတယ်။
နောက်ထပ်စစ်သွေးကြွအဖွဲ့ဖြစ်တဲ့ အစ္စလာမ္မစ်ဂျီဟတ်ရဲ့ မအောင်မြင်တဲ့ ဒုံးကျည်တိုက်ခိုက်မှုကြောင့် ဆေးရုံပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ အစ္စရေးခေါင်းဆောင်တွေက ပြောပါတယ်။
ဂါဇာဒေသသို့ စားနပ်ရိက္ခာ၊ ရေနဲ့ ဆေးဝါးတွေ ပို့ဆောင်ခွင့်ပြုဖို့ ဂျိုးဘိုင်ဒင်က နေတန်ယာဟုကို ဖျောင်း ဖျခဲ့ပြီး ဂါဇာကမ်းမြှောင်ဒေသနဲ့ အနောက်ဘက်ကမ်းရှိ အရပ်သားတွေအတွက် အကူအညီ ဒေါ်လာ သန်း ၁၀၀ ပေးအပ်မယ်လို့ ကြေညာခဲ့ပါတယ်။
ဂါဇာဒေသရှိ နယ်စပ်ဖြတ်ကျော်ဂိတ် ဖွင့်လှစ်ပေးဖို့နဲ့ ထရပ်ကား အစင်း ၂၀ ဖြတ်သန်းခွင့်ပြုဖို့ အီဂျစ် သမ္မတ အဗ္ဗဒယ်လ်ဖာတာအယ်လ်စီစီက ဖုန်းပြောဆိုမှုတစ်ခုအတွင်း သဘောတူခဲ့တယ်လို့ ဂျိုးဘိုင်ဒင်က ဆိုပါ တယ်။
မနေ့က ဆန္ဒပြသမားတွေဟာ အစ္စရေးရဲ့အိမ်နီးချင်း လက်ဘနွန်နိုင်ငံရှိ အမေရိကန်သံရုံးပြင်ပမှာ ဆန္ဒပြ ပွဲတွေ ပြုလုပ်ကာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ကိုးကား – NHK
Ref; Biden urges Netanyahu to show restraint