
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၉ ရက်
ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (Rosatom) ဟာ နျူကလီးယားဓာတ်အားပေးစက်ရုံတွေ တည်ဆောက်မယ့် အစီအစဉ်တွေပါဝင်တဲ့ နျူကလီးယားစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီ ချက်တွေကို ဘာကီနာဘာဆို၊ မာလီ၊ မြန်မာတို့နဲ့ လက်မှတ်ရေးထိုးလိုက်ပါတယ်။
ပြီးခဲ့တဲ့အပတ်အတွင်း မော်စကိုမြို့တော်မှာကျင်းပတဲ့ ရုရှားစွမ်းအင်သီတင်းပတ်ဖိုရမ်မှာ သဘောတူညီ ချက်တွေကို လက်မှတ်ရေးထိုးခဲ့တာလို့ Rosatom ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာနိုင်ငံမှာ နျူကလီးယား ဓာတ်အားပေးစက်ရုံတစ်ခု တည်ဆောက်မယ့် နားလည်မှုစာချွန်လွှာ (MoU) တစ်ခုကိုလည်း Rosatom က လက်မှတ်ရေးထိုးခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ နျူကလီးယား အခြေခံအဆောက်အဉီ တည်ဆောက်ရေးလိုအပ်ချက်အရ အသေးစား နျူ ကလီးယားဓာတ်အားပေးစက်ရုံတစ်ခု တည်ဆောက်ဖို့ နှစ်နိုင်ငံစလုံးက လုပ်ငန်းစီမံချက်တစ်ရပ် ရေးဆွဲခဲ့တယ်လို့ Rosatom က ထုတ်ပြန်ချက်အတွင်း ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ရဲ့ သတ်မှတ်ချက်တွေနဲ့အညီ Rosatom ရဲ့ အ ကောင်းဆုံး နည်းပညာတွေကို အသုံးပြုပြီး နျူကလီးယား အခြေခံအဆောက်အဉီ ဆောင်ရွက်မယ်လို့ Rosatom က ဆိုပါတယ်။
နားလည်မှုစာချွန်လွှာကြောင့် လေ့ကျင့်ရေးနဲ့ လူသားရင်းမြစ် ဖွံ့ဖြိုးရေးနယ်ပယ်မှာ ရုရှား-မြန်မာ ပူး ပေါင်းဆောင်ရွက်မှု ပိုမို ပြုလုပ်နိုင်မှာဖြစ်သလို မြန်မာနိုင်ငံရဲ့ နျူကလီးယားစွမ်းအင် ဖွံ့ဖြိုးရေးအစီအစဉ်မှာ ပါဝင် နိုင်မယ်လို့ Rosatom က ပြောပါတယ်။
ကိုးကား – Rigzone
Ref; Russia Plans to Build Nuclear Power Plants in Burkina, Myanmar