ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၂ ရက်

ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ပရတ်ခ်ဆိုခွန်က မြန်မာ့အကျပ်အတည်းဖြေရှင်းဖို့ အကူအညီတွေ ဆက်လက်ပေးမယ့် ကတိကဝတ်ကို ထပ်လောင်းအတည်ပြုလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ပရတ်ခ်ဆိုခွန်က အပြုသဘောဆောင်တဲ့ ဆွေးနွေးမှု တွေ အဆင်ပြေချောမွေ့စေမယ့် ကြိုးပမ်းမှုတွေပြုလုပ်ဖို့၊ ယုံကြည်မှုတိုးမြှင့်ဖို့နဲ့ လူသားချင်းစာနာမှုအကူအညီနဲ့ မြန်မာပြည်သူတွေအတွက် ကာကွယ်ဆေးတွေရရှိဖို့ ကတိပြုခဲ့တယ်လို့ သိရပါတယ်။

အာဆီယံအနေနဲ့ ပဋိပက္ခမှာပါဝင်တဲ့ အဖွဲ့အစည်းတွေကြား ကြားနေတံတားတစ်စင်းအဖြစ် ဆောင်ရွက် နိုင်ပြီး အချိန်၊ နားလည်မှုနဲ့ မဟာဗျူဟာမြောက် စိတ်ရှည်သည်းခံမှု လိုအပ်တယ်လို့ သူက ဆိုပါတယ်။
မတ်လအတွင်း မြန်မာနိုင်ငံကိုလာရောက်တဲ့ ဒုတိယမြောက်ခရီးစဉ်က သူ့ကို မြေပြင်အခြေအနေ ပိုမို နား လည်လာစေခဲ့ပြီး မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုအကူအညီ ပေးအပ်ရေးနဲ့ပတ်သက်တဲ့ စိန်ခေါ်မှုတွေ ကို ဖြေရှင်းနိုင်စေခဲ့တယ်လို့ ပရတ်ခ်ဆိုခွန်က ပြောပါတယ်။

ပရတ်ခ်ဆိုခွန်ရဲ့ ဒုတိယအကြိမ် မြန်မာခရီးစဉ်အတွင်း သင့်တော်တဲ့ ဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်ခဲ့ သလို အာဆီယံဘုံသဘောတူညီချက်ငါးရပ် အကောင် အထည်ဖော်ဆောင်ရာမှာ ဉီးစားပေးကဏ္ဍသုံးခု တိုးတက်မှု ရှိအောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။

အဲဒီအချက်တွေကတော့ အကြမ်းဖက်မှု အဆုံးသတ်ရေး သို့မဟုတ် လျှော့ချရေး၊ ခွဲခြားဆက်ဆံမှုမရှိဘဲ လိုအပ်သူအားလုံးကို လူသားချင်းစာနာမှုအကူအညီ ပေးအပ်ရေးနဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုနဲ့ သက်ဆိုင်ရာ အဖွဲ့အားလုံးကြား နိုင်ငံရေးယုံကြည်မှုတည်ဆောက်ဖို့ ပတ်ဝန်းကျင်ကောင်းတစ်ရပ် ဖန်တီးရေးဖြစ်ပါတယ်။

ကိုးကား – Vietnam Plus
Ref; ASEAN to continue assisting resolution of crisis in Myanmar: special envoy