ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၆ ရက်

ပြီးခဲ့တဲ့အပတ်အတွင်း တရုတ်စစ်သင်္ဘောတစ်စင်းက ပြန်လည်ထောက်ပံ့ရေးမစ်ရှင်တစ်ခု လုပ်ဆောင် နေတဲ့ ဖိလစ်ပိုင်စစ်သင်္ဘောတစ်စင်းကို ဖြတ်တောက်ဖို့ ကြိုးပမ်းမှုဖြစ်ပြီးနောက် တောင်တရုတ်ပင်လယ်အတွင်း အန္တရာယ်ရှိသောလုပ်ရပ်တွေ ရပ်တန့်ဖို့ ဖိလစ်ပိုင်စစ်တပ်က တရုတ်ကို တောင်းဆိုလိုက်ပါတယ်။

တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်နိုင်ငံရဲ့ အကြီးမားဆုံးနဲ့ မဟာဗျူဟာအရ အရေးပါဆုံး ကျွန်း တစ်ခုဖြစ်တဲ့ သီတူကျွန်းအနီး ဖိလစ်ပိုင်သင်္ဘောရှေ့ ကိုက် ၂၅၀ အကွာကနေ တရုတ်စစ်သင်္ဘောတစ်စင်းက ဖြတ် ကျော်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ဖိလစ်ပိုင်စစ်တပ်အကြီးအကဲ ရိုမီယိုဘရောင်နာက ပြောပါတယ်။

“တရုတ်စစ်သင်္ဘောက အန္တရာယ်များသောလုပ်ရပ်က စစ်သင်္ဘောချင်း တိုက်မိစေယုံနိုင်သာမက နှစ် ဘက်စလုံးက ရေတပ်ဖွဲ့ဝင်တွေရဲ့အန္တရာယ်ကို တိုက်ရိုက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်” လို့ ရိုမီယိုဘရောင်နာက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ မှတ်ချက်ပေးဖို့ မနီလာမြို့တော်ရှိ တရုတ်သံရုံးကို ဖုန်းခေါ်ဆိုခဲ့ပေမယ့် တုံ့ပြန်မှု မ ရခဲ့ပါဘူး။

တောင်တရုတ်ပင်လယ်အတွင်းရှိ ဖိလစ်ပိုင်နိုင်ငံရဲ့ အထူးသီးသန့်စီးပွားရေးဇုံအတွင်း ဖိလစ်ပိုင်စစ်သ င်္ဘောကို တရုတ်နိုင်ငံက စောင့်ကြည့်ပြီး ပိတ်ဆို့ဖို့ကြိုးပမ်းတဲ့ နောက်ဆုံးဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။

နှစ်စဉ် အမေရိကန်ဒေါ်လာ ၃ ထရီလီယံကျော်ဖိုး ကုန်သွယ်မှုတန်ဖိုးရှိတဲ့ တောင်တရုတ်ပင်လယ်ရဲ့ ရေ ပိုင်နက်တစ်ခုလုံးကို ပိုင်ဆိုင်တယ်လို့ တရုတ်နိုင်ငံက ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ အမေရိကန်စစ်ဘက်စခန်းတွေ တည်ဆောက်ခွင့်ပြုတာ အပါအဝင် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်က အမေရိကန်နိုင်ငံနဲ့ နီးကပ်သောဆက်ဆံရေး တိုးမြှင့်လာတာကြောင့် ဖိလစ်ပိုင်နဲ့တရုတ်ကြား ဆက်ဆံရေး အေးစက်လာခဲ့ပါတယ်။

ကိုးကား – Reuters
Ref; Philippines denounces China for ‘dangerous and offensive’ actions in South China Sea

#Ayeyarwaddy_Times