
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၅ ရက်
မြောက်ကိုရီးယားဟာ ရုရှားနိုင်ငံသို့ ယူကရိန်းမှာ အသုံးပြုဖို့ စစ်လက်နက်တွေ ထောက်ပံ့ပေးခဲ့တယ်လို့ အမေရိကန်နိုင်ငံက ပြောကြားခဲ့ပြီး ရုရှားနိုင်ငံတွင်းသို့ သင်္ဘောတွေနဲ့ စစ်လက်နက်တွေ တင်ပို့နေတဲ့ဓာတ်ပုံတွေ ကို ထုတ်ပြန်လိုက်ပါတယ်။
မြောက်ကိုရီးယားဟာ ရုရှားသို့ စစ်လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေပါရှိတဲ့ ကုန်သေတ္တာ ၁၀၀၀ ကျော် ထောက်ပံ့ပေးခဲ့တယ်လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောပါ တယ်။
“မြောက်ကိုရီးယားက ယူကရိန်းမြို့ကြီးတွေကို တိုက်ခိုက်၊ ယူကရိန်းအရပ်သားတွေကို သတ်ဖြတ်ရာမှာ အသုံးပြုတဲ့ စစ်လက်နက်တွေ ရုရှားကို ထောက်ပံ့တာကို ကျွန်တော်တို့ ရှုတ်ချပါတယ်” လို့ သူက ဆိုပါတယ်။
မြောက်ကိုရီးယားအား စစ်လက်နက်တွေ တင်ပို့တာ၊ တင်သွင်းတာကို ပိတ်ပင်ထားတဲ့ ၂၀၀၆ ခုနှစ် ကု လသမဂ္ဂ စစ်လက်နက်ပိတ်ပင်မှု ရှိလင့်ကစား မြောက်ကိုရီးယားက လက်နက်ကြီးတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။
မြောက်ကိုရီးယားသို့ ရုရှားရဲ့ အကူအညီနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံက ပိုပြီး စိုးရိမ်လာတယ်လို့ ဂျွန် ကာဘီက ပြောပါတယ်။
တိုက်လေယာဉ်၊ မြေပြင်-ဝေဟင်ခွင်းဒုံးကျည်၊ သံချပ်ကာယာဉ်၊ ပဲ့ထိန်းဒုံးကျည်ထုတ်လုပ်ရေးကိရိယာနဲ့ ခေတ်မီ နည်းပညာတွေ အပါအဝင် ရုရှားထံမှ စစ်ရေးအကူအညီရရှိဖို့ မြောက်ကိုရီးယားက ကြိုးပမ်းနေတယ်လို့ အမေရိကန် ထောက်လှမ်းရေးက အကဲဖြတ်ခဲ့တယ်လို့ သူက ဆိုပါတယ်။
“ရုရှားက မြောက်ကိုရီးယားကို စစ်ဘက်နည်းပညာတွေ ထောက်ပံ့ခြင်းရှိ မရှိ ဆိုတာကို ကျွန်တော်တို့ အ နီးကပ် စောင့်ကြည့်နေပါတယ်။ ရုရှားသင်္ဘောတွေကလည်း မြောက်ကိုရီးယားမှာ စစ်လက်နက်တွေပါတဲ့ ကုန် သေတ္တာတွေ တင်ဆောင်နေတာကို ကျွန်တော်တို့ တွေ့ရှိခဲ့ပါတယ်” လို့ သူက ဆက်ပြောပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးဖို့ ရုရှား သမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံခဲ့တဲ့ ရုရှားခရီးစဉ်ကြောင့် နှစ်နိုင်ငံကြား မဟာမိတ်ပြုမှုကို တောင်ကိုရီးယား သမ္မတ ယွန်ဆတ်ခ်ယိုက ပြီးခဲ့တဲ့လအတွင်း သတိပေးခဲ့ပါတယ်။
ကိုးကား – The National News
Ref; North Korea provided arms for Russia to use in Ukraine, says US