ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၄ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကလေးတောင်ပိုင်း၊ စက္ကန့်ကျေးရွာကို မီးရှို့ကာ တပ်စွဲထားသည့် စစ်ကောင်စီတပ်က အနီးရှိ ကျေးရွာများကိုပါ ဝင်ရောက် မီးရှို့မှုကြောင့် ဒေသခံအများအပြား ထွက်ပြေးနေရကြောင်း သိရသည်။

စစ်ကောင်စီတပ်များ တပ်ဆွဲထားပြီး အနီးရှိ ကျေးရွာများကို ဝင်ရောက်မီးရှို့နေမှုကြောင့် ဒေသခံအများအပြား ထွက်ပြေးနေရကြောင်း ဒေသခံများက သတင်းရရှိသည်။

အဆိုပါ စစ်ကောင်စီတပ်သည် စက္ကန့်ကျေးရွာကို အောက်တိုဘာလ ၇ ရက်နေ့တွင် စတင်ရောက်ရှိကာ တပ်စွဲထားပြီး စက္ကန့်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ နေအိမ်များကို မီးတင်ရှို့နေခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“စစ်ကောင်စီတပ်တွေရောက်လာပြီး ထင်တိုင်းကြဲ မီးရှို့လူ သတ်လုပ်နေကြတာ။ တောထဲပြေးသူတွေရယ်၊ ချင်းတောင်ဖက်ပြေးတဲ့သူတွေရယ်၊ ကလေးမြို့ထဲ ပြေးသူတွေရယ်၊ မီဇိုရမ်ဘက်ပြေးသူပြေးနဲ့ ထွက်ပြေးနေရတယ်။ မြို့ထဲ ပြေးကြ သူတချို့ကိုတော့ စစ်ကောင်စီက လိုက်ဖမ်းတာတွေလည်းရှိတယ်” ဟု ကလေးမြို့နယ်မှ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် အောက်တိုဘာ ၇ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ စက္ကန့်ကျေးရွာထဲအတွင်း ဝင်ရောက်ခဲ့ပြီး အိမ်ခြေ ၉၀၀ ဝန်းကျင်ရှိ ရွာလုံးကျွတ်နီးပါးကို မီးရှို့ဖျက်ဆီးသည့်အပြင် ကျေးရွာတွင် ကျန်နေရစ်သည့် ဒေသခံ မြေးအဖွားနှစ်ဦးကိုပါ သတ်ဖြတ်ခဲ့၍ စက္ကန့်ကျေးရွာတစ်ရွာလုံး ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံက သိရသည်။

“ကလေးမြို့ မြောက်ဘက်ကနေလည်း စစ်ကောင်စီတပ်က ရှားတောရွာကို လက်နက်ကြီးနဲ့ မကြာခဏပစ်ခတ်နေလို့ နေအိမ်တွေအများကြီးပျက်စီးပြီး တစ်ရွာလုံး ထွက်ပြေးရတယ်” ဟု ကလေးမြို့ဒေသခံက ဆက်လက်ပြောကြားသည်။

လက်ရှိတွင် ဆင်တောကျေးရွာ၊ မြောင်းဆုံကျေးရွာ၊အနောက်စံသာကျေးရွာ၊ ကျွန်းချောင်း ကျေးရွာ စသည့်ကျေးရွားများသည် ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင် နေရပြီး လက်ရှိအချိန်ထိ ကလေးမြို့နယ် တောင်ပိုင်းတွင် စစ်ဘေးရှောင် ၅,၀၀၀ ဝန်ကျင်းအထိ ရှိနေကြောင်းဒေသခံများက ထံကသိရသည်။

ဓာတ်ပုံ-စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်ထားသည့် အိမ်များနှင့် စစ်ဘေးရှောင်များ
#ကလေးမြို့ #စက္ကန့်ကျေးရွာ #စစ်ကောင်စီတပ်တပ်စွဲ #အနီးအနားရှိကျေးရွာများ #ဝင်ရောက်မီးရှို့ #ဒေသခံများထွက်ပြေး #Ayeyarwaddy_Times