ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၃ ရက်

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆမ်နဲ့ နီပွန်ဖောင်ဒေးရှင်း ဉက္ကဌ ယိုဟီဆာဆာကာဝါတို့က မ ကြာမီ မြန်မာနိုင်ငံသို့ အတူတကွ သွားရောက်ကြဖို့ သဘောတူလိုက်ပါတယ်။

အောက်တိုဘာလ ၁၁ ရက်က ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) ဌာနချုပ်ဖြစ်တဲ့ January Palace 7 မှာ ဟွန်ဆမ်နဲ့ ဆာဆာကာဝါတို့ တွေ့ဆုံချိန်မှာ အခုလို ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံကို ဆယ်စုနှစ် ၄ ခုနီးပါး ဉီးဆောင်ခဲ့ဖူးတဲ့ အတွေ့အကြုံရှိသူ ဟွန်ဆမ်ဟာ မြန်မာနိုင် ငံ နဂိုအခြေအနေပြန်ရောက်ရေးမှာ အရေးပါတဲ့ ဇာတ်ကောင်တစ်ခုဖြစ်ခဲ့တယ်လို့ အစည်းအဝေးမှာ ဆာဆာကာ ဝါက ပြောပါတယ်။

သူက ဝန်ကြီးချုပ် မဟုတ်တော့ပေမယ့် မြန်မာ့အခြေအနေ တိုးတက်တာကို မြင်တွေ့လိုခဲ့တယ်လို့ ဟွန် ဆမ်က ပြောပါတယ်။

ဟွန်ဆမ်နဲ့ ဆာဆာကာဝါတို့ မြန်မာနိုင်ငံသို့ အတူတကွ သွားရောက်မယ့်ခရီးစဉ်ကို ကမ္ဘောဒီးယားဝန် ကြီးချုပ် ဟွန်မာနက်က ထောက်ခံခဲ့ပါတယ်။

၂၀၂၂ ခုနှစ် အာဆီယံအဖွဲ့ ဉက္ကဌအနေနဲ့ ဟွန်ဆမ်ဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံသို့ ၂ ရက်ကြာ တရားဝင် ခရီးစဉ်တစ်ခု သွားရောက်ကာ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဟွန်ဆမ်ဟာ မြန်မာနိုင်ငံသို့သွားရောက်တဲ့ တစ်ဉီးတည်းသော အာဆီယံအဖွဲ့ဝင် တိုင်းပြည်ခေါင်းဆောင် ဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးပဋိပက္ခကို ဖြေရှင်းဖို့ ကြိုးပမ်းနေတဲ့ အာဆီယံခေါင်းဆောင်တွေအနေနဲ့ စိတ်ရှည်သည်း ခံဖို့ လိုအပ်တယ်လို့ ဟွန်ဆမ်က ဆိုပါတယ်။

ကိုးကား – Cambodianess
Ref; Hun Sen and Nippon Foundation Chairman to Visit Myanmar

#Ayeyarwaddy_Times