ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၀ ရက်

နှစ်ပေါင်း ၆၀ အတွင်း မိုးရွာသွန်းမှုစံချိန်တင်ခဲ့ပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံနေသော ပဲခူးမြို့တွင် ယနေ့ အောက်တိုဘာ ၁၀ ရက်နေ့ တိုင်းတာချက်အရ ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ်ထက်ကျော်လွန်နေပြီး ရှေ့လာမည့် အောက်တိုဘာ ၁၁ ရက်တွင်လည်း ပေဝက်ခန့်သာကျဆင်းမည်ဖြစ်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာ(မိုး/ဇလ)က ထုတ်ပြန်ထားသည်။

ပဲခူးမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် လေးပေ ခန့်အထိကျော် လွန်ရောက်ရှိနေပြီး လာမည့်ရက်တွင် ပေဝက်ခန့်သာ ခန့်ကျဆင်းလာနိုင်မည်ဖြစ်၍ စိုးရိမ်ရေမှတ်အထက် တွင် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၈ ရက်နေ့က စတင်ခဲ့သည့် ပဲခူးမြို့ ရေကြီးရေလျှံမှုသည် ယနေ့ အောက်တိုဘာ ၁၀ရက်နေ့အထိ ကျဆင်းခြင်းမရှိဘဲ လူမှုကူညီရေး အဖွဲ့အစည်းများက လှေများအသုံးပြု၍ ကူညီကယ်ဆယ်ရေးနှင့် ထမင်းထုပ်ဝေခြမ်းရေးများ ပြုလုပ်ပေးနေကြောင်း ပဲခူးမြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောကြားသည်။

ပဲခူးမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းသဖြင့် မိုးရေချိန်များလာကာ ယခင်က ၅ ဒသမ ၇၅ လက်မ ရွာသွန်းမှုရှိရာမှ ယခု ၇ ဒသမ ၈၇ လက်မဖြစ်ကာ နှစ်လက်မတိုးလာပြီး နှစ်ပေါင်း ၆၀ အတွင်း မိုးရေချိန်စံချိန်သစ်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုး/ဇလ က ထုတ်ပြန်သည်။

ဓာတ်ပုံ – လူမှုကွန်ရက် ၊ MFS
#ပဲခူးမြစ်ရေ #ရှေ့လာမည့်ရက် #ပေဝက်ခန့်ကျဆင်းမည် #စိုးရေရိမ်အမှတ် #Ayeyarwaddy_Times