
နွေဦးမောင် / ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၆ ရက်
ကရင်ပြည်နယ် ၊ မြဝတီမြို့ အမှတ် (၄)ရပ်ကွက်၊ ပန်းခြံ (၃)လမ်းတွင် နေထိုင်သည့် အသက် (၃၄)နှစ်ရှိ အမျိုးသားနှင့် အသက်( ၂၁)နှစ်ရှိ အမျိုးသမီး လင်းမယားတို့ကို အမည်မသိ သေနတ်သမားများမှ အိမ်အတွင်း ဝင်ရောက် ပစ်ခတ်သဖြင့် လင်မယားနှစ်ယောက်စလုံး သေဆုံးခဲ့ကြောင်း သိရသည်။
“ အောက်တိုဘာလ (၅)ရက်နေ့ မနက်ပိုင်းကဖြစ်တာ။ ဘယ်အဖွဲ့စည်းက လာပစ်တယ်ဆိုတာတော့ မသိရဘူး။ ရဲတွေနဲ့ ရပ်ကွက်လူကြီးတွေ လာပြီးစစ်ဆေးတာတွေ့မှ လူသတ်မှု ဖြစ်တာ သိရတယ်” ဟု အမှတ် (၄)ရပ်ကွက်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
သေနတ်နှင့် အပစ်ခံရသည့် လင်မယားနှစ်ဦးတွင် အမျိုးသားသည် လည်ပင်း ကျည်ဖောက်ထွက် ဒဏ်ရာဖြင့် သေဆုံးနေပြီး အမျိုးသမီးသည် ဦးခေါင်း ကျည်ဖောက်ထွက်ဒဏ်ရာဖြင့် သေဆုံးနေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ လင်မယား နှစ်ယောက် အသက်ခံရမှုနှင့် ပတ်သတ်ပြီး မြဝတီမြို့မရဲစခန်းမှ ပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ထားပြီး လူသတ်တရားခံ ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။
#မြဝတီမြို့ #လင်မယားနှစ်ယောက်ကို #အိမ်ထဲဝင်ပြီး #သေနတ်နှင့်ပစ်သတ် #Ayeyarwaddy_Times