
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၃ ရက်
ယူကရိန်းနိုင်ငံအတွက် အမေရိကန်နိုင်ငံရဲ့ စစ်ရေးအကူအညီသစ်ကို မကြာမီ ကြေညာမှာဖြစ်ပေမယ့် ရန် ပုံငွေက ပြတ်လပ်နေပြီလို့ အိမ်ဖြူတော်က ပြောပါတယ်။
“ရဲရင့်သော ယူကရိန်းပြည်သူတွေအတွက် အမေရိကန်နိုင်ငံရဲ့ စဉ်ဆက်မပြတ်တဲ့ ပံ့ပိုးကူညီမှုကို ပြသဖို့ ယူကရိန်းနိုင်ငံအတွက် စစ်ရေးအကူအညီသစ်တစ်ရပ်ကို မကြာမီ ကြေညာမှာဖြစ်ပါတယ်” လို့ အိမ်ဖြူတော် ပြော ရေးဆိုခွင့်ရှိသူ ကာရင်းဂျင်းပီယာရီက သတင်းထောက်တွေကို ပြောပါတယ်။
အစိုးရယန္တယား ရပ်ဆိုင်းမှုဖြစ်လာနိုင်တာကို ရှောင်လွှဲဖို့ ၄၅ ရက်အတွက် ရန်ပုံငွေထောက်ပံ့ဖို့ ကွန်ဂရက် က နောက်ဆုံးအချိန်မှာ သဘောတူညီပြီး ၂ ရက်အကြာမှာ အခုလို မှတ်ချက်ပြုခဲ့တာဖြစ်ပါတယ်။
ဉပဒေကြမ်းအတွင်း ယူကရိန်းနိုင်ငံအတွက် ထပ်တိုးရန်ပုံငွေထောက်ပံ့ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က ဉီးစားပေးခဲ့ပေမယ့် အောက်လွှတ်တော်ရှိ ရီဗက်ပလီကင်အမတ်တွေရဲ့ အပြင်းအထန် ကန့်ကွက်မှုကြောင့် အ စီအစဉ်ကို ရုတ်သိမ်းခဲ့ရပါတယ်။
ယူကရိန်း အကူအညီပေးရေးရန်ပုံငွေကို ထပ်တိုးဉပဒေမှာ ထည့်သွင်းဖို့ အောက်လွှတ်တော်ဉက္ကဌ ကီဗင် မက်ကာသီက ကတိပြုခဲ့တယ်လို့ ဂျိုးဘိုင်ဒင်က ပြောပါတယ်။
သမ္မတရဲ့လုပ်ပိုင်ခွင့်တွေအရ စစ်ပွဲဖြစ်နေသရွေ့ ယူကရိန်းစစ်မြေပြင် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေး ဖို့ အိမ်ဖြူတော်မှာ လုပ်ပိုင်ခွင့်အလုံအလောက်ရှိတယ်လို့ ဂျင်းပီယာရီက ပြောပါတယ်။
သမ္မတလုပ်ပိုင်ခွင့်အာဏာအရ ဂျိုးဘိုင်ဒင်က အမေရိကန်ရဲ့ရှိယင်းစွဲစစ်လက်နက်တွေကို မဟာမိတ်တွေ ထံ လွှဲပြောင်းပေးခွင့်ရှိပါတယ်။
ကိုးကား – Anadolu
Ref; White House says new Ukraine aid package coming soon, but funds running low