
ယူကရိန်းက ရုရှားဒရုန်း အစင်း ၃၀ ကို ပစ်ချ
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁ ရက်
မနေ့က တောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေကို ပစ်မှတ်ထားတဲ့ ရုရှားရဲ့ တိုက်ခိုက်မှုတွေအတွင်း ဒရုန်း အစင်း ၄၀ အနက် အစင်း ၃၀ ကို ယူကရိန်းလေတပ်က ပစ်ချနိုင်ခဲ့ပါတယ်။
ယူကရိန်းနိုင်ငံအလယ်ပိုင်း ဗင်နီရှားဒေသနဲ့ တောင်ပိုင်းရှိ အိုဒစ်ဆာ၊ မိုင်ကိုလတ်ဒေသတွေအပေါ် ရုရှား တပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုတွေအတွင်း အီရန်နိုင်ငံထုတ်ဒရုန်း အစင်း ၃၀ ကို ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်း တောင်ပိုင်း စစ်ဌာနချုပ်က ပြောပါတယ်။
ရုရှားက ဒင်းညုမြစ်ပေါ်ရှိ အရေးပါတဲ့ ဆိပ်ကမ်းအခြေခံအဆောက်အအုံတွေနဲ့ စီးပွားရေးကို ထိခိုက်စေဖို့ ယူကရိန်းအခြေခံအဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့ တောင်ပိုင်းစစ်ဌာန ချုပ် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ပင်လယ်နက်မှတစ်ဆင့် ယူကရိန်းသို့ ကောက်ပဲသီးနှံ ဘေးအန္တရာယ်ကင်းစွာ တင်ပို့နိုင်ဖို့ ကုလသမဂ္ဂက ကြားဝင်ဖျန်ဖြေပေးတဲ့ သဘောတူညီချက်တစ်ရပ် ရရှိပြီးနောက် ရုရှားက ဇူလိုင်လအတွင်း ကောက်ပဲသီးနှံ တင်ပို့ မှုအပေါ် တိုက်ခိုက်မှုတေတွ အရှိန်မြှင့်လုပ်ဆောင်ခဲ့ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ယူကရိန်းဒေသ ၄ ခုကို ကျူးကျော်သိမ်းပိုက်မှု တစ်နှစ်ပြည့် နှစ်ပတ် လည်နေ့အခမ်းအနားကို မော်စကိုမြို့တော်မှာ ကျင်းပခဲ့ပါတယ်။
အဆိုပါ ရုရှားသိမ်းပိုက်ခံနယ်မြေ ၄ ခုမှာ ရွေးကောက်ပွဲတွေ ပြုလုပ်တာဟာ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ အညီဖြစ်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က တိုင်းပြည်သို့ပြောကြားတဲ့ မိန့်ခွန်းတစ်ခုအတွင်း ပြောပါ တယ်။
ယနေ့မှစတင်ပြီး မဖြစ်မနေ စစ်မှုထမ်းဖို့ လူပေါင်း ၁၃၀၀၀၀ ကို တပ်သားသစ်စုဆောင်းမယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာပြီးနောက် ပူတင်က အခုလို မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။
ကိုးကား – New York Post
Ref; Ukraine shoots down dozens of Russian drones on annexation anniversary