ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁ ရက်

တောင်ကိုရီးယားနဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေဟာ ဒီသီတင်းပတ်အတွင်း ကိုရီးယား ၂ နိုင်ငံနယ်စပ်အနီး ပူးတွဲ အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ ဒေသန္တရမီဒီယာတွေက ဖော်ပြပါ တယ်။

ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ကိုရီးယား ၂ နိုင်ငံကို နယ်နိမိတ်ပိုင်းခြားထားတဲ့ စစ်မဲ့ဇုန်တောင်ဘက် ကီလို မီတာ ၃၀ ခန့်အကွာ ပိုချွန်းမြို့တော်ရှိ ရော့ဒရီဂွတ်ဇ်လေ့ကျင့်ရေးစင်တာမှာ ပြုလုပ်ခဲ့တာလို့ ယွန်ဟပ်သတင်းဌာ နက ဖော်ပြပါတယ်။

“တောင်ကိုရီးယားနဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၈၀ ခန့် ပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုကို ပြီးခဲ့တဲ့ တနင်္လာနေ့ က နှစ်နိုင်ငံနယ်စပ်အနီး ပြုလုပ်ခဲ့ပါတယ်” လို့ အဆိုပါသတင်းဌာနက တောင်ကိုရီးယားစစ်တပ်ရဲ့ ထုတ်ပြန်ချက် ကို ကိုးကားပြီး ဖော်ပြပါတယ်။

နှစ်နိုင်ငံတပ်ဖွဲ့ဝင်တွေဟာ အဆောက်အအုံတွေကို ရှာဖွေ၊ ရှင်းလင်းခြင်း၊ ဓားစာခံတွေကို ကယ်ဆယ် ခြင်းနဲ့ အကြမ်းဖက်သမားတွေကို ရှာဖွေဖြိုခွင်းခြင်းတို့ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

နျူကလီးယားလက်နက်တွေ အသုံးပြုမယ်ဆိုရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်မယ်လို့ တောင်ကို ရီးယားသမ္မတ ယွန်ဆတ်ခ်ယိုလ်က သတိပေးပြီးနောက် ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်တက်လာခဲ့ပါ တယ်။

ဖွဲ့စည်းပုံအခြေခံဉပဒေမှာ နျူကလီးယားစစ်ရေးစွမ်းရည်တွေ တိုးမြှင့်မယ့်မူဝါဒကို ထည့်သွင်းပြဌာန်းဖို့ လုပ်ဆောင်ခဲ့တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာတွေက ပြီးခဲ့တဲ့အပတ်အတွင်း ဖော်ပြခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ဖွဲ့စည်းပုံအခြေခံဉပဒေအတွင်း နျူကလီးယားစွမ်းရည် တိုးမြှင့်ရေး ပြဌာန်းဖို့အပါအဝင် တိုင်းပြည်ရဲ့လွှတ်တော်ကို ချီးကျူးခဲ့ပါတယ်။

နျူကလီးယား စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ပြီး ကိုရီးယားကျွန်းဆွယ်အနီး နျူကလီးယားလက်နက်တွေ ဖြန့်ကြက်နေတဲ့ အမေရိကန်နိုင်ငံက မြောက်ကိုရီးယားနိုင်ငံကို ဖျက်ဆီးဖို့ ကြိုးပမ်းနေတယ်လို့ သူက စွပ်စွဲပါ တယ်။

အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်ကြား မဟာမိတ်ပြုမှုက မြောက်ကိုရီးယားနိုင်ငံအတွက် အဆိုးရွား ဆုံး ခြိမ်းခြောက်မှုဖြစ်တယ်လို့ ကင်ဂျုံအန်က ပြောဆိုလိုက်ပါတယ်။

ကိုးကား – TRT World
Ref; South Korea and US conduct anti-terrorism drill near Korean border

#Ayeyarwaddy_Times