
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၇ ရက်
မြောက်ကိုရီးယားက နျူကလီးယားလက်နက်တေွ အသုံးပြုရင် တောင်ကိုရီးယား-အမေရိကန် မဟာမိတ် ပြုမှုရဲ့ လက်တုံ့ပြန်မှုကြောင့် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်မယ်လို့ တောင်ကိုရီးယားသမ္မတ ယွန်ဆတ်ခ် ယိုက သတိပေးလိုက်ပါတယ်။
အောက်တိုဘာလ ၁ ရက်မှာ ကျင်းပမယ့် စိန်ရတု တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ဆိုးလ်မြို့တော် အနီးရှိ စစ်ဘက်အခြေစိုက်စခန်းတစ်ခုမှာပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ သူက အခုလို ပြောကြားခဲ့တာပါ။
မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားနဲ့ ဒုံးကျည်စွမ်းရည်တွေကို အဆင့်မြှင့်တင်နေပြီး နျူကလီးယား လက်နက်တွေ အသုံးပြုဖို့ ခြိမ်းခြောက်နေတယ်လို့ သူက ဆိုပါတယ်။
မြောက်ကိုရီးယားနိုင်ငံရဲ့လုပ်ရပ်တွေဟာ တောင်ကိုရီးယားပြည်သူတွေအတွက် စဉ်ဆက်မပြတ်တဲ့ ခြိမ်း ခြောက်မှုတစ်ခုဖြစ်သလို ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် စိုးရိမ်ဖွယ်ရာ စိန်ခေါ်မှုတစ်ခုဖြစ်တယ်လို့ ယွန်ဆတ်ခ်ယိုက ထောက်ပြပါတယ်။
ပြီးခဲ့တဲ့လအတွင်း ဝါရှင်တန်မြို့တော်အပြင်ဘက်ရှိ ဒေးဗစ်စခန်းမှာ ဂျပန်၊ အမေရိကန်နိုင်ငံနဲ့ ၃ နိုင်ငံ ထိပ်သီးဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့ သူက ပြောပါတယ်။
တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်တို့ရဲ့ ၃ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုမူဘောင်က ဟန့်တားမှုကို ခိုင် မာအားကောင်းစေမယ်လို့ သူက အလေးထားပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံက အင်အားပြသမှုအဖြစ် တင့်ကားတွေ၊ အမြောက်တွေ၊ တာဝေးပစ် မြေပြင်-ဝေ ဟင်ခွင်းဒုံးကျည်တွေကိုလည်း ထုတ်ဖော်ပြသခဲ့ပါတယ်။
၁၀ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဆိုးလ်မြို့တော်လယ်မှာ တပ်ဖွဲ့ဝင်များစွာပါဝင်တဲ့ ကြီးကျယ်ခမ်း နားတဲ့ စစ်ရေးပြပွဲတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။
ကိုးကား – NHK
Ref; S.Korean President Yoon: N.Korean regime will end if it uses nuclear weapons