
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၆ ရက်
မြောက်ကိုရီးယားရဲ့ ရုရှားနဲ့ စစ်ဘက်ဆက်ဆံရေး တိုးမြှင့်မှုအပေါ် သတိပေးချက်တစ်ရပ် ထုတ်ပြန်ဖို့ ကု လသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ယွန်ဆတ်ခ်ယိုအား “အမှိုက်လို ဉီးနှောက်နဲ့လူ”၊ “သံတမန်ရေးရာမိုက်မဲသူ” လို့ မြောက်ကိုရီးယားနိုင်ငံက ခေါ်ဆိုလိုက်ပါတယ်။
မြောက်ကိုရီးယားနဲ့ရုရှားက တောင်ကိုရီးယားကို ခြိမ်းခြောက်တဲ့ စစ်လက်နက် သဘောတူညီချက်တွေ ကို သဘောတူပါက တောင်ကိုရီးယားက လက်ပိုက်ကြည့်နေမှာမဟုတ်ဖူးလို့ သမ္မတ ယွန်ဆတ်ခ်ယိုက ပြီးခဲ့တဲ့အ ပတ်အတွင်း ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောကြားခဲ့ပါတယ်။
“ရုပ်သေးသစ္စာဖောက် ယွန်ဆတ်ခ်ယိုက ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြောက်ကို ရီးယားနဲ့ရုရှားကြား ဆက်ဆံရေးကို အသရေဖျက်ခဲ့တယ်” လို့ မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာန KCNA က ဖော်ပြပါတယ်။
KCNA ရဲ့ ဖော်ပြချက်က မြောက်ကိုရီးယားနိုင်ငံရဲ့ အခြေခံလူ့ကျင့်ဝတ်နဲ့ အသိဉာဏ်ကင်းမဲ့တာကို ဖော် ပြနေတာလို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ကူဗြောင်ဆမ်က ပြောပါ တယ်။
မြောက်ကိုရီးယားနိုင်ငံက သမ္မတ ယွန်ဆတ်ခ်ယိုရဲ့ အမေရိကန်နိုင်ငံနဲ့ စစ်ဘက်မဟာမိတ်ပြုမှု ခိုင်မာ အားကောင်းဖို့ ကြိုးပမ်းခဲ့မှုကို အမျက်ဒေါသထွက်ခဲ့ပါတယ်။
ယွန်ဆတ်ခ်ယိုဟာ အမေရိကန်နိုင်ငံအတွက် ‘ခယလွန်းသော အသံထွက်ပေးသူတစ်ဉီး’ အဖြစ် စေတနာ့ အလျောက် ဆောင်ရွက်ပေးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲလိုက်ပါတယ်။
ပူးတွဲစစ်ဆင်ရေးစွမ်းရည် တိုးတက်လာစေဖို့ တောင်ကိုရီးယားနဲ့ အမေရိကန်ရေတပ်တွေဟာ ကိုရီးယား ကျွန်းဆွယ်အရှေ့ဘက်မှာ ယနေ့ ၃ ရက်ကြာ ပူးတွဲ ရေတပ်ဆိုင်ရာလေ့ကျင့်မှု စတင်လိုက်ပါတယ်။
တောင်ကိုရီးယား-အမေရိကန် စစ်ရေးလေ့ကျင့်မှုတွေဟာ ကျူးကျော်တိုက်ခိုက်ဖို့ အစမ်းလေ့ကျင့်မှုအ ဖြစ် မြောက်ကိုရီးယားက ရှုမြင်ပြီး ဒုံးကျည်စမ်းသပ်မှုတွေနဲ့ လက်တုံ့ပြန်လေ့ရှိပါတယ်။
မြောက်ကိုရီးယားနဲ့ လက်နက်ကုန်သွယ်မှုကို ပိတ်ပင်ထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ် ချက်တွေကို ချိုးဖောက်ကာ စစ်လက်နက် လွှဲပြောင်းရေး သဘောတူညီမှုတွေ ပြုလုပ်မယ်ဆိုရင် ရုရှားနဲ့မြောက် ကိုရီးယားဟာ ပြင်းထန်တဲ့ အကျိုးဆက်တွေ ရင်ဆိုင်ရမယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားက သတိပေးခဲ့ပါ တယ်။
ရုရှားသို့ သမားရိုးကျ စစ်လက်နက်တွေ ထောက်ပံ့မှုကြောင့် အလဲအလှယ်အနေနဲ့ အဖျက်စွမ်းအားကြီး လက်နက်တွေ အဆင့်မြှင့်တင်ဖို့ လိုအပ်တဲ့ သတင်းအချက်အလက်နဲ့နည်းပညာတွေ မြောက်ကိုရီးယားက ရရှိရင် လက်သင့်ခံမှာမဟုတ်ဖူးလို့ ယွန်ဆတ်ခ်ယိုက ပြောပါတယ်။
ကိုးကား – ABC News
Ref; North Korea calls South’s leader a ‘guy with a trash-like brain’ as it slams his UN speech