
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၅ ရက်
အမေရိကန်နဲ့ ဉရောပမဟာမိတ်တွေဟာ ရုရှားနိုင်ငံနဲ့ တိုက်ရိုက် စစ်ဖြစ်နေပြီး အဆိုပါပဋိပက္ခမှာ ယူက ရိန်းကို အသုံးချနေတယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်က ပြောကြားလိုက်ပြီး အမေရိကန်-ရုရှား စစ်ပွဲက တိုက်ရိုက် ထိပ်တိုက်တွေ့ဆုံမှု ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။
ယူကရိန်းအတွက် အနောက်နိုင်ငံတွေရဲ့ ပံ့ပိုးကူညီမှုကြောင့် ရုရှားရဲ့ ကျူးကျော်မှုဖြစ်လာခဲ့တာလို့ ကုလ သမဂ္ဂမှာ မိန့်ခွန်းပြောကြားပြီးနောက် သူက သတင်းထောက်တွေကို ပြောပါတယ်။
“အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ရုရှားနဲ့ တိုက်ရိုက် စစ်ဖြစ်နေတာပါ။ ယူကရိန်းပဋိပက္ခကို ကြားခံ စစ်ပွဲလို့ ခေါ်ဆိုနိုင်ပေမယ့် အဲဒီနိုင်ငံတွေက ရုရှားနဲ့ စစ်ဖြစ်နေတယ်ဆိုတဲ့ ပကတိအခြေအနေကို မပြောင်းလဲနိုင်ပါ ဘူး” လို့ သူက ဆိုပါတယ်။
အမေရိကန်အစိုးရက ယူကရိန်းသို့ တပ်ဖွဲ့ဝင်တွေ မစေလွှတ်ပေမယ့် ရုရှားနဲ့ စစ်ပွဲမှာ တိုက်ရိုက် ပါဝင်နေ တယ်လို့ သူက စွပ်စွဲပါတယ်။
ယူကရိန်းကျူးကျော်စစ်နဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံက ရုရှားနဲ့ ဆန့်ကျင်ဘက်မှာ ရပ်တည်မယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က ပြီးခဲ့တဲ့အပတ် ကုလသမဂ္ဂမှာပြောကြားတဲ့ မိန့်ခွန်းတစ်ခုမှာ ထည့်သွင်းပြောခဲ့ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က နှစ်စဉ်ပြုလုပ်နေကျ ကုလသမဂ္ဂအစည်းအဝေးကို မတက်ရောက်ပါဘူး။ ဆာဂျီလာရော့ဗ်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တရားဝင် မိန့်ခွန်းပြောကြားရတဲ့ အဆင့်မြင့်ဆုံး ရုရှား တာဝန်ရှိသူ ဖြစ်ခဲ့ပါတယ်။
အမေရိကန်နဲ့ရုရှားကြား တိုက်ရိုက် စစ်ဖြစ်နေတယ်ဆိုတဲ့ ဆာဂျီလာရော့ဗ်ရဲ့ မှတ်ချက်စကားကြောင့် ယူ ကရိန်းရဲ့ တန်ပြန်ထိုးစစ်ဆင်မှု ရင်ဆိုင်နေရတဲ့ ရုရှားက ယူကရိန်းပြင်ပရှိ အခြားပစ်မှတ်တွေကို တိုက်ခိုက်မှုတွေ ပြုလုပ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်စေခဲ့ပါတယ်။
ကိုးကား – The Washington Times
Ref; Russian foreign minister: US ‘directly at war’ with Russia, using Ukraine as ‘fodder’