
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၃ ရက်
မြန်မာ့အရေး ဖြေရှင်းရာမှာ ခွဲခြားမရတဲ့ အစိတ်အပိုင်းတစ်ခုလို့ ယူဆရတဲ့ ရိုဟင်ဂျာအရေးအတွက် နိုင်ငံ ရေးအဖြေတစ်ခုရှာဖို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက တောင်းဆိုလိုက်ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အနာဂတ်မှာ မသေချာမှုတွေ ရှိနေဆဲလို့ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ တော်မှာပြုလုပ်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ၇၈ ကြိမ်မြောက် အစည်းအဝေးမှာ ရတ်နိုမာဆူဒီက ပြောပါ တယ်။
တစ်ချိန်တည်းမှာ ကမ္ဘာ့အခြေအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေက ရိုဟင်ဂျာအရေးကို ဖြေရှင်းဖို့ ပိုမို ခက်ခဲစေခဲ့တယ်လို့ သူက ဆိုပါတယ်။
“ရိုဟင်ဂျာအရေး ဖြေရှင်းမှုဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းမှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်သင့်ပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာန YouTube ချန်နယ်က ထုတ်လွှင့်တဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲ တစ်ခုအတွင်း သူက ပြောပါတယ်။
မြန်မာ့အသိုင်းအဝိုင်းအတွင်း ရိုဟင်ဂျာတွေ ပြန်လည်ပေါင်းစည်းဖို့က မြန်မာ့နိုင်ငံရေးအကျပ်အတည်းအ တွက် အဖြေတစ်ခုဖြစ်တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်အတိုင်း အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေး အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်သင့်တယ်လို့ သူက ထောက်ပြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်တွေကို ဆန္ဒအလျောက် ဘေးအန္တရာယ်ကင်းစွာ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်စေရေး ထောက်ကူပေးရမယ်လို့ သူက အလေးပေးပြောပါတယ်။
လက်ရှိမှာ ရိုဟင်ဂျာတစ်သန်းဟာ အိုးအိမ်စွန့်ခွာရပြီး ဒုက္ခသည်တွေ ဖြစ်လာခဲ့ကာ ရခိုင်ပြည်နယ်မှာ နေထိုင်နေတဲ့ ရိုဟင်ဂျာတွေဟာလည်း အလွန် ခက်ခဲသောအခြေအနေကို ရင်ဆိုင်နေရတယ်လို့ သူက ဆိုပါတယ်။
ကိုးကား – Antara News
Ref; Indonesia calls for political solution to Rohingya issue