ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၃ ရက်

တရုတ်စစ်တပ်ရဲ့ လှုပ်ရှားမှုတွေ အထူးသဖြင့် ဖုကျင့်ပြည်နယ်ရှိ တရုတ်မြေပြင်တပ်ဖွဲ့တွေရဲ့ လုပ်ဆောင် ချက်တွေကို စောင့်ကြည့်နေတယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ထိုင်ဝမ်ဝန်းကျင်ရှိ လေပိုင်နက်အတွင်း တရုတ်စစ်လေယာဉ် အစင်း ၂၀ မောင်းနှင်ခဲ့တယ်လို့ ထိုင်ဝမ် ကာ ကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ တရုတ်စစ်လေယာဉ်အချို့က ထိုင်ဝမ်ရေလက်ကြား ကြားခံလိုင်းကို ဖြတ် ကျော်ဝင်ရောက်ခဲ့တယ်လို့ အဆိုပါဝန်ကြီးဌာနက ဆိုပါတယ်။

ဖုကျင့်ပြည်နယ်၊ ဒါချန်းပင်လယ်ကွေ့အနီး တရုတ်ဒုံးပျံတပ်ဖွဲ့အပြင် မြေပြင်တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ ကို ထိုင်ဝမ်က စောင့်ကြည့်နေတယ်လို့ ယင်းဝန်ကြီးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့တစ်ရက်အတွင်း ထိုင်ဝမ်ရေလက်ကြားအနီး တွေ့မြင်ရတဲ့ တရုတ်စစ်လေယာဉ်နဲ့ စစ်သင်္ဘောအ ရေအတွက်ကို ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ထိုင်ဝမ်အနီး ချည်းကပ်လာတဲ့ တရုတ်စစ်လေယာဉ်အရေအတွက် သို့မဟုတ် ပုံမှန်မဟုတ်သော လှုပ်ရှား မှုတွေ ထောက်လှမ်းတွေ့ရှိရင်လည်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက အထူးကြေညာမှုတွေ ပြုလုပ်ပါတယ်။

တရုတ်တပ်ဖွဲ့တွေ တပ်ဖြန့်ထားတဲ့ နေရာတစ်ခုအမည်ကိုတော့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ဖော်ပြလေ့မရှိပါဘူး။

တရုတ်တပ်ဖွဲ့ဝင်အမြောက်အများ စုဝေးနေဖွယ်ရှိတယ်လို့ လေ့လာသူအချို့က ပြောကြားကြောင်း ထိုင် ဝမ် CNA သတင်းဌာနက ဖော်ပြပါတယ်။

ထိုင်ဝမ်ဟာ ရရှိထားတဲ့ သတင်းအချက်အလက်တွေ ထုတ်ဖော်ခြင်းအားဖြင့် တရုတ်စစ်တပ်ရဲ့ လှုပ်ရှားမှု တွေကို ဟန့်တားဖို့ ကြိုးပမ်းနေတယ်လို့ လေ့လာသူအချို့က ပြောပါတယ်။

ကိုးကား – NHK
Ref; Taiwan defense ministry says it is monitoring China’s forces in Fujian

#Ayeyarwaddy_Times