
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၂ ရက်
ဧရာဝတီတိုင်း ၊ကန်ကြီးထောင့်မြို့နယ်တွင်
ပြီးခဲ့သည့် စက်တင်ဘာလ၂၁ ရက်နေ့ကစပြီး
ရပ်ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံစာပါရှိမှသာ ဒေသခံလယ်သမားများကို ဒီဇယ်၁၀လီတာ ဝန်းကျင် အကန့်အသတ်ဖြင့်သာ ဝယ်ယူခွင့်ရကြောင်း ဒေသခံလယ်သမားများထံကသိရသည်။
ကန်ကြီးထောင့်မြို့နယ်ရှိ ကျူတန်း၊ဘဲဂရက်၊အနောက်စုနှင့် ဝါးဒူစသည့်ကျေးရွာများ၌ စက်တင်ဘာလ၂၀ ရက်နေ့ကစပြီး ကျေးရွာအုပ်ချုပ်ရေးမှူး၏ စက်သုံးဆီဝယ်ယူရန် ထောက်ခံစာရရှိမှသာ ဒီဇယ်ဆီများ ဝယ်ယူခွင့်ရကြောင်း ဒေသခံလယ်သမားများကပြောသည်။
” ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ စက်သုံးဆီဝယ်ယူဖို့ထောက်ခံစာပါမှ ဆီဆိုင်တွေက ဒီဇယ်ဆီရောင်းပေးတယ်။ ကိုယ့်သဘောနဲ့ကိုယ် ဝယ်မရတော့ဘူး။ အဲတော့စပါးတွေရိတ်ခြွေဖို့အခက်ကြုံနေရပြီ” ဟု ဝါးဒူးကျေးရွာဒေသခံလယ်သမားတစ်ဦးက ဧရာဝတီတိုင်းကိုပြောသည်။
ထို့အပြင်စက်သုံးဆီဒီဇယ်ဝယ်ယူရန်အတွက်တစ်ဦးလျှင် ဒီဇယ်ဆီ ၁၀ လီတာကိုသာဝယ်ယူခွင့်ပြုထားပြီး ပိုမိုဝယ်ယူသည်ကို တွေ့ရှိပါက ငွေကျပ်ငါးသောင်း ဒဏ်ကြေးအပြင် စက်သုံးဆီဝယ်ခွင့်ကိုပါ ပိတ်ပင်မည်ဖြစ်ကြောင်းလည်းဒေသခံများထံကသိရသည်။
” တစ်ယောက်ကို ဆယ်လီတာပဲဝယ်ရတယ်။ပိုဝယ်ရင်လည်း နောက်တခါထပ်ဝယ်ဖို့ခွင့်မပေးတော့ဘူး။ဒဏ်ကြေးငွေငါးသောင်းလည်း ပေးရမယ်။အဲ့လိုမျိုးလိုက်ပြီးကြပ်မတ်တော့အဆင်မပြောတော့ဘူး” ဟု အနောက်စုကျေးရွာဒေသခံလယ်သမားတစ်ဦးကဆိုသည်။
အလားတူကန်ကြီးဒေါင့် မြို့နယ်ရှိရပ်ကွက်ကျေးရွာအလိုက်ပြီးခဲ့သည့်စက်တင်ဘာလ ၈ ရက်နေ့ကစပြီး ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ထောက်ခံစာပါရှိမှသာ တစ်အိမ်ထောင်စုလျှင် စားသုံးဆီ တစ်ပိဿာ ဝယ်ယူရန်ကန့်သတ်ခံထားရသည်။
#ကန်ကြီးထောင့် #အုပ်ချုပ်ရေးမှူး #ထောက်ခံစာပါရှိမှသာ #ဒေသခံလယ်သမားများကို #ဒီဇယ်၁၀လီတာ #အကန့်အသတ်ဖြင့်ဝယ်ယူခွင့်ရ
#Ayeyarwaddy_Times