နွေဦးမောင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၂ ရက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇာမဏီသစ်တောဂိတ်မှ စစ်ကြောင်းထိုး ဝင်ရောက် လာသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ စက်တင်ဘာ ၂၁ ရက်နေ့ နေလယ်ပိုင်းတွင် သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)က ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ဇာမဏီသစ်တောဂိတ်မှနေ၍ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ရှေ့ပြေးစစ်ကြောင်း ကို ယမန်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ တပ်သားနှစ်ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) ထံက သိရသည်။

“ စစ်ကြောင်းထိုးပြီး အရှေ့ဆုံးက ဝင်လာတဲ့ စစ်သား ၁၅ ယောက်ကို ကြားဖြတ် တိုက်ခိုက်ခဲ့တာ။ ခုနစ် ယောက်တော့လဲ သွားတာတွေ့တယ်။ နှစ်ယောက်ကတော့ နေရာမှပဲ သေ တယ်။ အနောက်ကပါလာတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီး လက်နတ်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်တာနဲ့ ပြန်ဆုတ်ခဲ့တယ်” ဟု သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သာယာဝတီခရိုင် ပဲခူးရိုးမရှိ ဇာမဏီသစ်တောဝင်းတွင် ယခင်က စစ်ကောင်စီ လက်အောက်ခံ သစ်တောဝန်ထမ်းများနှင့် ပျူစေားထီအဖွဲ့များသာ ဂိတ်စောင့်လေ့ရှိပြီး ယခအခါတွင် စစ်ကောင်စီတပ်က စခန်းအထိုင်ချ၍ သာယာဝတီခရိုင်အတွင်း စစ်ကြောင်း ထိုးဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်နေ့ကလည်း သာယာဝတီခရိုင် ၊ ပဲခူးရိုးမ မင်းလှမြို့နယ် မင်းချောင်းကန့်လန့်ရိုးမ ဖြက်ကျော်လမ်း ပျဥ်းကတိုး သစ်တောဂိတ်ရှိ ပျူစောထီး လင်မယားနှစ်ဦးကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၅) က သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၅)
ပုံစာ-စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ခဲ့သည့်နေရာ

#သာယာဝတီခရိုင် #စစ်ကြောင်းထိုးစစ်ကောင်စီတပ် #ကြားဖြတ်တိုက်ခိုက်ခံရ #စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံး #Ayeyarwaddy_Times