
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၉ ရက်
ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး အန်နာလန်နာဘာဘော့ခ်က သမ္မတ ရှီကျင့်ဖျင်အား အာဏာရှင်တစ်ဉီးအ ဖြစ် ရည်ညွှန်းခေါ်ဆိုတာကို တရုတ်နိုင်ငံက ကန့်ကွက်ခဲ့ပြီး ယုတ္တိမရှိသော နိုင်ငံရေးရန်စမှုတစ်ခုလို့ ပြောကြား လိုက်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အတွင်း Fox News နဲ့ပြုလုပ်တဲ့ တိုက်ရိုက် ထုတ်လွှင့်တဲ့ အင်တာဗျူးတစ်ခုမှာ ရုရှား ရဲ့ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်လို့ မေးမြန်းရာမှာ အန်နာလန်နာက ရှီကျင့်ဖျင်ဟာ အာဏာရှင်တစ်ဉီးလို့ မှတ်ချက် ပြုခဲ့တာပါ။
“ရုရှားသမ္မတ ဗလာဒီမာပူတင်ကသာ ယူကရိန်းစစ်ပွဲကို အနိုင်ရရှိမယ်ဆိုရင် တရုတ်သမ္မတ ရှီကျင့်ဖျင်လို ကမ္ဘာပေါ်က အခြားအာဏာရှင်တွေအတွက် ဘာလက္ခဏာ ဖြစ်လာမလဲ” လို့ သူက ပြောပါတယ်။
အန်နာလန်နာရဲ့ မှတ်ချက်စကားက ယုတ္တိမရှိဘဲ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးဂုဏ်သိက္ခာကို ထိပါးတာလို့ တ ရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပြောပါတယ်။
“သူတို့ နိုင်ငံရေးရန်စထိပါးမှုတစ်ခု ပြုလုပ်တာပါ။ တရုတ်နိုင်ငံက ဂျာမနီနိုင်ငံကို ကန့်ကွက်ထားပါတယ်” လို့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ မော်နင်က ပြောပါတယ်။
အန်နာလန်နာဟာ တရုတ်နိုင်ငံကို ပွင့်ပွင့်လင်းလင်း ဝေဖန်လေ့ရှိသူတစ်ဉီး ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ လူသားတွေ အတူတကွ နေထိုင်ရေး အခြေခံစည်းမျဉ်းတွေအတွက် တရုတ်နိုင်ငံက ခြိမ်းခြောက်မှုတစ်ခု ဖြစ်ခဲ့ တယ်လို့ ပြီးခဲ့တဲ့လအတွင်း အန်နာလန်နာက ပြောကြားခဲ့ပါတယ်။
နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်စေဖို့ရည်ရွယ်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ရဲ့ ဇွန်လအတွင်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့တဲ့ ခရီးစဉ်တစ်ခုအပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ရှီကျင့်ဖျင် ကို အာဏာရှင်တစ်ဉီးလို့ ခေါ်ဆိုခဲ့ပါသေးတယ်။
ကိုးကား – Reuters
Ref; China complains to Germany after foreign minister calls Xi a ‘dictator’