ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၉ ရက်

တရုတ်စီမံကိန်း ခေတ်သစ်ပိုးလမ်းမကြီးတွင်ပါဝင်သည့် နိုင်ငံများဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် စစ်ကောင်စီခန့်ဝန်ကြီးက တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို စိုက်ပျိုးရေးနှင့်မွေး မြူရေးဆိုင်ရာနည်းပညာ အထောက်အပံ့များပေးရန် တောင်းဆို ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့တွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ ကျင်းပသည့် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် ခေတ်သစ်ပိုးလမ်းမကြီးစီမံကိန်းဖိုရမ်သို့ မြန်မာနိုင်ငံမှ စစ်ကောင်စီ၏ စီးပွား‌ရေး၊ စိုက်ပျိုးရေးနှင့်ဆောက်လုပ်ရေးဌာန ဝန်ကြီးများ တက်ရောက် ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် စစ်ကောင်စီခန့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးမင်းနောင်က မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးသိပ္ပံဆိုင်ရာ သုတေသန စီမံကိန်းများ အကောင်အထည်ဖော်ရန်၊ ဓာတ်ခွဲခန်းဆိုင်ရာကျွမ်းကျင်သူများအတွက် မွမ်းမံသင်တန်းများ၊ လယ်ယာသုံးစက်ကိရိယာ ပြင်ဆင်ထိန်းသိမ်းခြင်း သင်တန်းများ ပြုလုပ်ပေးရန် တရုတ်ထံမှ တောင်းဆိုခဲ့ကြောင်း သိရသည်။

ထို့ပြင် တရုတ်နိုင်ငံမှနေ၍ မြစ်ဝကျွန်းပေါ်ဒေသရှိ ရေငန်တားတာနှင့် ရေထိန်းတံခါးများ တည်ဆောက်ရေးအတွက် စူးစမ်းလေ့လာရေးလုပ်ငန်းများ ရေချိုငါးမျိုးစိတ်များ မျိုးဗီဇမြှင့်မွေးမြူခြင်း ဆိုင်ရာနည်းပညာ အထောက်အပံ့များရယူကာ ခေတ်သစ် ငါးလုပ်ငန်းစက်မှုဇုန်တည်ဆောက်ရန်အတွက် စိတ်ဝင်စားမှုများရှိကြောင်း စစ်ကောင်စီခန့် ဝန်ကြီး ဦးမင်းနောင်က ပြောကြားခဲ့သည်။

စစ်ကောင်စီဝန်ကြီးက တရုတ်ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် ပြောင်းချဉ်ဖတ် အမြောက်အမြားတိုးချဲ့ ထုတ်လုပ်နိုင်ရေးအတွက် လာရောက်ရင်းနှီးမြှုပ်နှံရန်အတွက် လည်း ဖိတ်ခေါ်ခဲ့သည်။

ဓာတ်ပုံ-China Expo

#တရုတ်အာဆီယံကုန်စည်ပြပွဲ #စိုက်ပျိုးရေးမွေးမြူရေး #ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း #Ayeyarwaddy_Times